×

ထိုသို့ဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းမှာ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပကတိ ပရမတ္တသစ္စာတရားဖြစ်တော်မူပြီး ထိုအရှင်မြတ်သည် သက်မဲ့ကို (အသက်ပေးအပ်တော်မူ၍) သက်ရှိ ဖြစ်စေတော်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် 22:6 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:6) ayat 6 in Burmese

22:6 Surah Al-hajj ayat 6 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 6 - الحج - Page - Juz 17

﴿ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّهُۥ يُحۡيِ ٱلۡمَوۡتَىٰ وَأَنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[الحج: 6]

ထိုသို့ဖြစ်ပေါ်လာရခြင်း၏အကြောင်းရင်းမှာ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပကတိ ပရမတ္တသစ္စာတရားဖြစ်တော်မူပြီး ထိုအရှင်မြတ်သည် သက်မဲ့ကို (အသက်ပေးအပ်တော်မူ၍) သက်ရှိ ဖြစ်စေတော်၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်း (၌အရှင့်စည်းမျဉ်း၊ နိယာမတော်များ ပြဌာန်းသတ်မှတ်တော်မူ၍ ထိန်းချုပ်လျက် ယင်း) တို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ذلك بأن الله هو الحق وأنه يحى الموتى وأنه على كل شيء, باللغة البورمية

﴿ذلك بأن الله هو الحق وأنه يحى الموتى وأنه على كل شيء﴾ [الحج: 6]

Ba Sein
၆။ ယင်းသို့ဖန်ဆင်းတော်မူခြင်းကား မုချဧကန်အလ္လာဟ်အရှင်မြတ်သည် တရားမှန်ဖြစ်တော်မူသောကြောင့်၊ မှတ် သားကြလော့၊ အရှင်မြတ်သည် သေသူအပေါင်းတို့ကို အမှန်ရှင်စေတော်မူ၏၊ အရာခပ်သိမ်းတို့အတွက် မုချဧကန်ပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
ဤသည်တို့ ဖြစ်ရခြင်းအကြောင်းကား ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်တည်ရှိတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် သေသူအပေါင်းကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။
Hashim Tin Myint
ထိုအရာသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန် တည်ရှိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်၊ ထို့ပြင် အမှန်ပင် အရှင်မြတ်သည် ‌သေသူများကို ရှင်‌စေ‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည့်အတွက်နှင့် အမှန်ပင် အရှင်မြတ်သည် အရားအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည့်အတွက်‌ကြောင့်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek