Quran with Burmese translation - Surah Al-Mu’minun ayat 28 - المؤمنُون - Page - Juz 18
﴿فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ﴾
[المؤمنُون: 28]
﴿فإذا استويت أنت ومن معك على الفلك فقل الحمد لله الذي نجانا﴾ [المؤمنُون: 28]
Ba Sein ၂၈။ သင်သည် သင်္ဘောပေါ်သို့ တက်ရောက်မိသောအခါ သင်နှင့်တကွသင့်အဆွေအမျိုးတို့သည် ဒုစရိုက်မကောင်းမှု များကို ကျူးလွန်သောသူတို့မှ အကျွနု်ပ်တို့ကို ကယ်နှုတ်တော်မူထသောအရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာ ဖြစ်တော်မူ၏ဟု ရင်းကျူးကြလော့။ |
Ghazi Mohammad Hashim တစ်ဖန် အသင်နှင့်တကွ အသင်နှင့်အတူ (လိုက်ပါကြကုန်သော)အဖော်များပါ သင်္ဘောပေါ်တွင် ကျနစွာထိုင်ပြီး ကြသောအခါ အသင်သည် "ချီးမွမ်းထောပနာ အပေါင်းတို့ သည် ကျွန်တော်မျိုးတို့အား မတရားသဖြင့် နှိပ်စက်ကြကုန်သော အမျိုးသားတို့(၏ဘေးအန္တရာယ်)များမှ ကင်းလွတ်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ခံယူထိုက်တော်မူပါသည်" ဟု ရွတ်ဆိုပါလေ။ |
Hashim Tin Myint ထို့နောက် အသင်နှင့်တကွ အသင့်အဖော်များသည် သဘေင်္ာပေါ်တွင် နေသားတကျ ထိုင်ပြီးကြသည့်အခါ အသင်သည် (ဤသို့)ပြောဆိုပါ- “ချီးမွမ်းခြင်းအပေါင်းသည် ကျွန်ုပ်တို့အား မတရားနှိပ်စက်ကြသော အမျိုးသားများမှ ကယ်တင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်“ (အရှင်မြတ်အား ကျေးဇူးတင်ပါသည်)။ |