Quran with Burmese translation - Surah Al-Mu’minun ayat 63 - المؤمنُون - Page - Juz 18
﴿بَلۡ قُلُوبُهُمۡ فِي غَمۡرَةٖ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٞ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ ﴾
[المؤمنُون: 63]
﴿بل قلوبهم في غمرة من هذا ولهم أعمال من دون ذلك هم﴾ [المؤمنُون: 63]
Ba Sein ၆၃။ သို့သော်မိစ္ဆာမိုက်တို့၏ စိတ်နှလုံးများသည် ကုရ်အာန်ကျမ်းတော်မြတ်ကို မသိကြချေ၊ ထို့အပြင်သူတို့ပြုကျင့် နေသည်မှတပါး အခြားအမှုအခင်းများ သူတို့မှာ ရှိကြ၏။ |
Ghazi Mohammad Hashim ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား ၎င်းတို့၏ စိတ်နှလုံးများသည် ဤအချက်နှင့်စပ်လျဉ်း၍ မသိမိုက်မဲမှု၌ပင် ရှိနေကြပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြကုန်သော အခြားဆောင်ရွက်ချက်များလည်း ရှိကြသေး၏။ |
Hashim Tin Myint ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့၏စိတ်နှလုံးများသည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ထဲရှိ လမ်းမှန်ညွှန်ကြား ပြသချက်များ)မှ အသိမရှိဘဲ မိုက်မဲသော(ရှိရ်က်)ထဲတွင်ပင် နစ်မွန်းနေကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့တွင် ထို(ရှိရ်က်)မှလွဲ၍ သူတို့ပြုလုပ်နေကြသည့် အခြားလုပ်ရပ်(မကောင်းမှုများလည်း)ရှိကြသေးသည်။ |