Quran with Burmese translation - Surah Al-Mu’minun ayat 62 - المؤمنُون - Page - Juz 18
﴿وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٞ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ ﴾
[المؤمنُون: 62]
﴿ولا نكلف نفسا إلا وسعها ولدينا كتاب ينطق بالحق وهم لا يظلمون﴾ [المؤمنُون: 62]
Ba Sein ၆၂။ ငါသည် မည်သည့်ဝိညာဉ်တော်အား မိမိ၏အင်အားနှင့်မမျှသောတာဝန်ကို ပေးတော်မမူချေ၊ ငါ့အထံတော်၌ မှန်ကန်သောမှတ်ပုံတင်စာအုပ်တော်ကြီးရှိ၏။ လူသားတို့သည် မတရားနှိပ်စက်ခြင်းခံကြရမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ၎င်း စွမ်းရည်ထက်ပို၍ တာဝန်ထမ်းဆောင် စေတော်မူသည်မဟုတ်ပေ။ ၎င်းပြင် ငါအရှင်မြတ်အထံတော် တွင် မှတ်တမ်းစာအုပ်တစ်အုပ် ရှိနေပေရာ ထိုမှတ်တမ်းစာအုပ်သည် တိကျမှန်ကန်စွာ ထုတ်ဖော်ပြောဆိုမည်ဖြစ်၏။ သို့ရာတွင် ၎င်းတို့သည် (စိုးစဉ်းမျှပင်) မတရားနှိပ်စက်ခြင်းကို ခံကြရမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် မည်သူ့ကိုမှ သူ၏တတ်စွမ်းနိုင်မှုထက်ပိုပြီး တာဝန် ထမ်းဆောင်ခိုင်းတော်မမူပေ။* ထို့ပြင် ငါအရှင်မြတ်ထံတော်တွင် မှတ်တမ်းစာအုပ်တစ်အုပ်ရှိနေသည့်အတွက် ထိုမှတ်တမ်းစာအုပ်က တိကျမှန်ကန်စွာ ထုတ်ဖော်ပြောဆိုမည် ဖြစ်သည်။ ထို့ပြင် သူတို့သည် (အနည်းငယ်မျှ) မတရားနှိပ်စက်ခြင်းကို ခံကြရမည်မဟုတ်ပေ။ |