Quran with Burmese translation - Surah Al-Mu’minun ayat 70 - المؤمنُون - Page - Juz 18
﴿أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ ﴾
[المؤمنُون: 70]
﴿أم يقولون به جنة بل جاءهم بالحق وأكثرهم للحق كارهون﴾ [المؤمنُون: 70]
Ba Sein ၇ဝ။ သို့မဟုတ်သူတို့က သူသည် ရူးသွပ်သည်ဟု ဆိုကြသလော၊ တမန်တော်သည် မရူးချေ၊ သို့သော်သူသည် သူတို့ထံသို့ သစ္စာတရားတော်ကို ယူဆောင်လာ၏၊ များပြားသောသူတို့သည် တရားမှန်ကို မုန်းတီးသူများ ဖြစ်ကြ၏။ |
Ghazi Mohammad Hashim သို့တည်းမဟုတ် ၎င်းတို့သည် ထိုရစူလ်တမန်တော် ၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ရစူလ်တမန်တော်သည် ၎င်းတို့ထံ အမှန်တရားကို ဆောင်ယူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် အများစုမှာမူကား အမှန်တရားကို စက်ဆုပ်သူများပင် ဖြစ်ကြကုန်၏။ |
Hashim Tin Myint သို့မဟုတ် သူတို့သည် ထိုတမန်တော်၌ ရူးသွပ်ခြင်းဝေဒနာရှိသည်ဟု ပြောဆိုကြသလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ထိုတမန်တော်သည် သူတို့ထံသို့ အမှန်တရား ယူဆောင်လာခြင်းဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် အမှန်တရားကို မလိုလားသည့်သူများပင် ဖြစ်ကြသည်။ |