Quran with Burmese translation - Surah Al-Mu’minun ayat 71 - المؤمنُون - Page - Juz 18
﴿وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ ﴾
[المؤمنُون: 71]
﴿ولو اتبع الحق أهواءهم لفسدت السموات والأرض ومن فيهن بل أتيناهم بذكرهم﴾ [المؤمنُون: 71]
Ba Sein ၇၁။ ထို့အပြင်အကယ်၍သစ္စာတရားတော်သည် ထိုသူတို့၏အလိုဆန္ဒများကို လိုက်ခဲ့လျှင် မိုးကောင်းကင်၊ ကမ္ဘာ မြေပြင်နှင့် မိုးမြေဝယ်ရှိရှိသမျှတို့သည် မုချဧကန်ပျက်စီးသွားလေမည်သာတည်း၊ ယင်းသို့မဖြစ်နိုင်ချေ၊ ငါသည် သူတို့ထံသို့ သတိပေးကျမ်းတော်ကို ယူတော်ခဲ့ပြီ၊ သို့သော်သူတို့သည် မိမိတို့၏တရားတော်ကို ယခုလှည့်သွား ကြ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ အမှန်တရားသည်(အလ္လာဟ်အရှင်မြတ်သည်) ၎င်းတို့၏အလိုဆန္ဒများကို လိုက်နာခဲ့ပါလျှင်၊ မိုးကောင်းကင်များသည် လည်းကောင်း၊ ပထဝီမြေသည်လည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိသူတို့သည်လည်းကောင်း၊ အမှန်ပင် ပျက်စီးသွားခဲ့ကြမည်သာ။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် ၎င်းတို့ထံ ၎င်းတို့အဖို့ အဆုံးအမဩဝါဒကို ထုတ်ပြန် ပို့ဆောင်တော်မူခဲ့ ၏။ သို့ပါလျက် ၎င်းတို့သည် မိမိတို့အဖို့ဖြစ်သော အဆုံးအမဩဝါဒမှပင် မျက်နှာလွှဲခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အမှန်တရား(အလ္လာဟ်အရှင်မြတ်)သည် သူတို့၏အလိုဆန္ဒများကို လိုက်နာခဲ့လျှင်၊ မိုးကောင်းကင်များနှင့်၊ မြေပထဝီအပြင်၊ ထိုမိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသည့်သူများလည်း အမှန်ပင် ပျက်စီးသွားခဲ့ကြလိမ့်မည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ထံသို့ သူတို့အတွက် ဆုံးမဩဝါဒကို ပို့ဆောင်တော်မူခဲ့ခြင်းသာဖြစ်သည်။ ထို့နောက် သူတို့သည် သူတို့အတွက်ဖြစ်သော ဆုံးမဩဝါဒကိုပင် မျက်နှာလွှဲခဲ့ကြသည်။ |