×

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း မလိုက် ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း လိုက်နာလျှင် ဧကန်ပင် စေတန်မကောင်းဆိုးဝါးသည် 24:21 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:21) ayat 21 in Burmese

24:21 Surah An-Nur ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 21 - النور - Page - Juz 18

﴿۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ وَمَن يَتَّبِعۡ خُطُوَٰتِ ٱلشَّيۡطَٰنِ فَإِنَّهُۥ يَأۡمُرُ بِٱلۡفَحۡشَآءِ وَٱلۡمُنكَرِۚ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ مَا زَكَىٰ مِنكُم مِّنۡ أَحَدٍ أَبَدٗا وَلَٰكِنَّ ٱللَّهَ يُزَكِّي مَن يَشَآءُۗ وَٱللَّهُ سَمِيعٌ عَلِيمٞ ﴾
[النور: 21]

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း မလိုက် ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို စေတန်မကောင်းဆိုးဝါး၏ခြေရာများအတိုင်း လိုက်နာလျှင် ဧကန်ပင် စေတန်မကောင်းဆိုးဝါးသည် (ထိုသူအား) မကြားဝံ့မနာသာသော ရှက်ဖွယ်ကိစ္စနှင့်မကောင်းမှု ဒုစရိုက်များကိုသာ လုပ်ဆောင်ရန် မရမက စေ့ဆော်ညွှန်ကြားပေလိမ့်မည်။ အကယ်၍ အလ္လာဟ်အ ရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်များသည် (သင်တို့၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို ဥပေက္ခာပြု ခွင့်လွှတ်တော်မူရန်) သင်တို့အ ပေါ် သက်ရောက် ခြင်းမရှိခဲ့လျှင် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (အမြင်မှန် ရ၍ ဝန်ချတောင်းပန်လျက် နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းအောင် လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အမြင်မှန်ရ၍ ဝန်ချ တောင်းပန်လျက်) စင်ကြယ်သန့်ရှင်း စေတော်မူ၏။ စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا لا تتبعوا خطوات الشيطان ومن يتبع خطوات الشيطان فإنه, باللغة البورمية

﴿ياأيها الذين آمنوا لا تتبعوا خطوات الشيطان ومن يتبع خطوات الشيطان فإنه﴾ [النور: 21]

Ba Sein
၂၁။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ရှိုင်တန်မာရ်နတ်၏ ခြေရာကို မနင်းလိုက်ကြလင့်၊ အကြင်သူသည် ရှိုင်တန်မာရ်နတ်သွားရာ ဖဝါးခြေထပ်လိုက်ပါအ့ံ၊ ထိုသူအား မာရ်နတ်သည် ညစ်ညမ်းမှု၊ ဒုစရိုက်မှုသို့ မုချဆွဲငင် လတ့ံ၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၊ ကောင်းကြီးမင်္ဂလာတော်တို့သည် သင်တို့အပေါ်သို့ မသက်ရောက် ခဲ့လျှင် သင်တို့အနက် တစ်စုံတစ်ယောက်မှ သန့်ရှင်းဖြူစင်သူများမဖြစ်နိုင်ချေ၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူအား အပြစ်ကင်းမဲ့သန့်ရှင်းစေတော်မူ၏၊ အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူ၏၊ အကြွင်းမဲ့ သိတော်မူ၏။
Ghazi Mohammad Hashim
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကို မလိုက်ကြကုန်လင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်တွာန်မိစ္ဆာကောင်၏ ခြေရာများကိုလိုက်ပါလျှင် ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်သည်(ထိုသူအား)ရှက်ဖွယ်ကိစ္စနှင့် မကောင်းမှုဒုစရိုက် ကိုသာလုပ်ရန် ညွှန်ကြားပေမည်။ စင်စစ် အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော် မရှိခဲ့လျှင် အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင်(ဝန်ချတောင်းပန်၍) စင်ကြယ်သန့်ရှင်း လွတ်ကင်းခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား(ဝန်ချတောင်းပန်ခွင့်ပြုတော်မူ၍) စင်ကြယ်သန့်ရှင်းလွတ်ကင်းစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ရှိုင်သွာန်၏‌ခြေရာများ‌နောက်ကို မလိုက်ကြနှင့်။ ထို့ပြင် မည်သူမဆို ရှိုင်သွာန်၏‌ခြေရာများ‌နောက်ကို လိုက်ပါလျှင် အမှန်စင်စစ် ထိုရှိုင်သွာန်သည် ရှက်စရာကိစ္စနှင့် မ‌ကောင်းမှုကိုသာ လုပ်ရန် ညွှန်ကြားလိမ့်မည်။ ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် အသနား‌တော်မရှိခဲ့လျှင် အသင်တို့ထဲတွင် မည်သူမျှ မည်သည့်အခါမှ (ဝန်ချ‌တောင်းပန်ပြီး) စင်ကြယ်ခဲ့ကြမည် မဟုတ်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို (ဝန်ချ‌တောင်းပန်ခွင့် ပြု‌တော်မူပြီး) စင်ကြယ်‌စေ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek