×

(အို၊ ရစူလ်တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူအမျိုးသမီးတို့အား သူမတို့၏မျက်စိများ (အမြင်အာရုံများ) ကို (လက်ထပ်ခွင့်ရှိသော အမျိုးသားများ မဖွယ်မရာမှုများ အရှက်အင်္ဂါများကို စူးစိုက်ကြည့်ခြင်းမှ 24:31 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:31) ayat 31 in Burmese

24:31 Surah An-Nur ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 31 - النور - Page - Juz 18

﴿وَقُل لِّلۡمُؤۡمِنَٰتِ يَغۡضُضۡنَ مِنۡ أَبۡصَٰرِهِنَّ وَيَحۡفَظۡنَ فُرُوجَهُنَّ وَلَا يُبۡدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنۡهَاۖ وَلۡيَضۡرِبۡنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّۖ وَلَا يُبۡدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوۡ ءَابَآئِهِنَّ أَوۡ ءَابَآءِ بُعُولَتِهِنَّ أَوۡ أَبۡنَآئِهِنَّ أَوۡ أَبۡنَآءِ بُعُولَتِهِنَّ أَوۡ إِخۡوَٰنِهِنَّ أَوۡ بَنِيٓ إِخۡوَٰنِهِنَّ أَوۡ بَنِيٓ أَخَوَٰتِهِنَّ أَوۡ نِسَآئِهِنَّ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُنَّ أَوِ ٱلتَّٰبِعِينَ غَيۡرِ أُوْلِي ٱلۡإِرۡبَةِ مِنَ ٱلرِّجَالِ أَوِ ٱلطِّفۡلِ ٱلَّذِينَ لَمۡ يَظۡهَرُواْ عَلَىٰ عَوۡرَٰتِ ٱلنِّسَآءِۖ وَلَا يَضۡرِبۡنَ بِأَرۡجُلِهِنَّ لِيُعۡلَمَ مَا يُخۡفِينَ مِن زِينَتِهِنَّۚ وَتُوبُوٓاْ إِلَى ٱللَّهِ جَمِيعًا أَيُّهَ ٱلۡمُؤۡمِنُونَ لَعَلَّكُمۡ تُفۡلِحُونَ ﴾
[النور: 31]

(အို၊ ရစူလ်တမန်တော်) အသင်သည် သက်ဝင်ယုံကြည်သူအမျိုးသမီးတို့အား သူမတို့၏မျက်စိများ (အမြင်အာရုံများ) ကို (လက်ထပ်ခွင့်ရှိသော အမျိုးသားများ မဖွယ်မရာမှုများ အရှက်အင်္ဂါများကို စူးစိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်၍) နှိမ့်ချထားရန်နှင့် သူတို့မ၏ကာယိန္ဒြေအရှက်အင်္ဂါများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သူမတို့သည် မဖြစ်မနေ ပေါ်နေတတ်သောအလှမှအပ ကျန်ကိုယ်အလှ (ဆွဲဆောင်ဖွယ်ရာ အစွမ်းအစ၊ ဂုဏ်ကျက်သရေ) တို့ကို မပေါ်ကြစေရန် သူမတို့၏အပေါ်ရုံများ (ဦးခေါင်းခြုံလွှာများ) ကို သူမတို့၏ရင်ဘတ်များ အပေါ်သို့ ချထားကြရန် သူမတို့၏ (မျက်စိကျဖွယ်ရာ) ကိုယ်အလှကို သူမတို့ ၏လင်ယောကျာ်းများ၊ သို့မဟုတ် သူမတို့၏ဖခင်များ၊ သို့မဟုတ် သူမတို့လင်ယောကျာ်းများ၏ဖခင်များ၊ သို့မဟုတ် သူမတို့၏သားများ၊ သို့မဟုတ် သူမတို့လင်ယောကျာ်းများ၏သားများ၊ သို့မဟုတ် သူမတို့ ၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ် သူမတို့ ၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် သူမတို့ကဲ့သို့သောအမျိုးသမီး သို့တည်းမဟုတ် (ကျမ်းတော်မြတ် ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သူမတို့၏လက်ဝယ်၌ ဩဇာခံ အဖြစ်ရှိခဲ့သော အစေခံများ သို့တည်း မဟုတ် အမျိုးသား များအနက်မှ (စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်) တဏှာရာဂစိတ် မရှိ သောသူများ သို့မဟုတ် အမျိုးသမီးများ၏ကိုယ်အင်္ဂါများကို မသိနားမလည်ကြသေးသော ကလေးသူငယ်များ၊ စသည့်သူတို့၏ရှေ့မှအပ အခြားမည်သူ့ရှေ့၌မျှ မဖော်ကြရန် သူမတို့ ဖုံးကွယ်ထားရသော ကိုယ်အလှတန် ဆာများအား ပေါ်လွင်သိ သာစေရန်အလို့ငှာ သူမတို့၏ခြေများကို ဆောင့်နင်းခြင်းမပြုကြရန် ဟောပြောလော့။ ထို့ပြင် အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ပေါက်မြောက်အောင်မြင်မှုရရှိကြအံ့သောငှာ သင်တို့အားလုံးတို့သည် (မှား ယွင်း သည့် လမ်းစဉ်များကို ကျောခိုင်း၍ နောင်တရလျက် ဝန်ချတောင်းပန်ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) ဘက်သို့ ဦးလှည့်ကြလော့။

❮ Previous Next ❯

ترجمة: وقل للمؤمنات يغضضن من أبصارهن ويحفظن فروجهن ولا يبدين زينتهن إلا ما, باللغة البورمية

﴿وقل للمؤمنات يغضضن من أبصارهن ويحفظن فروجهن ولا يبدين زينتهن إلا ما﴾ [النور: 31]

Ba Sein
၃၁။ တဖန်သင်သည် ယုံကြည်သူအမျိုးသမီးတို့အား ဤသို့ဟောပြောသွန်သင်လော့၊ အို--အမျိုးသမီးတို့၊ သင် ရှင်မတို့သည် စူးစိုက်မကြည့်ပဲ မျက်နှာအောက်ချထား၍ ကာယိန္ဒြေရှိကြလော့၊ လူမြင်ကွင်းသို့ ကျသည်မှတပါး သင်တို့၏ လှပတင့်တယ်ခြင်းကို မပြကြလင့်၊ သင်တို့၏ရင်ခွင်များကို အဖုံးအကွယ်ဖြင့် ဖုံးအုပ်ထားကြလော့၊ သင်တို့သည် မိမိတို့၏ လှပတင့်တယ်ခြင်းကို မိမိတို့လင်ယောက်ျားများ၊ အဘများ၊ လင်၏အဘများ၊ သားများ၊ လင်ပါသားများ၊ မောင်များ၊ မောင်၏သားများ၊ အမညီမ၏သားများ၊ မိန်းမချင်းချင်း၊ ကျွန်များ၊ ရာဂတဏှာ စိတ်မရှိနိုင်သောအခိုင်းအစေယောက်ျားများ၊ မိန်းမတို့၏ အင်္ဂါအစိတ်အပိုင်းကို မသိသောကလေးသူငယ်များ မှတပါး အခြားသူတို့အား မပြကြလင့်၊ သင်တို့သည် မိမိတို့ကိုယ်တွင် ဆင်ယင်ထားသောတန်ဆာများအနက် ဖုံးကွယ်နေသည်တို့ကို သူတပါးမြင်စိမ့်သောငှာ မိမိတို့ခြေကို တစ်စုံတစ်ခုအပေါ်တွင် မဆောင့်ကြလင့်၊ အို-ယုံကြည်သူယောက်ျားမိန်းမတို့၊ သင်တို့အားလုံးသည် အောင်ဆုမင်္ဂလာရစိမ့်သောငှာ အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ လှည့်ကြလော့။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သောမိမိတို့၏အလှ မှတစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များအပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ်မိမိတို့၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏လင်ယောက်ျားများ၏ဖခင်များ၊ သို့မဟုတ်မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ၊ သို့မဟုတ်မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ်မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်းမဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သောမိန်းမများ (ဝါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျားများအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ဝှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။
Hashim Tin Myint
ထို့ပြင် (အို- တမန်‌တော်)အသင်သည် အီမာန်ယုံကြည်သူအမျိုးသမီးများကို ‌ပြောလိုက်ပါ၊ သူမတို့သည် သူမတို့၏မျက်စိများကို ‌အောက်ကိုနှိမ့်ချ ထားကြရမည်။ ထို့ပြင် သူမတို့သည် သူမတို့၏အရှက်အဂင်္ါများကို (တရားမဝင် ကာမကျူးလွန်ခြင်းမှ)ထိန်းသိမ်းကြရမည်။ ထို့ပြင် သူမတို့သည် (မလွှဲမ‌ရှောင်သာ)‌ပေါ်‌သော သူမတို့၏အလှအပမှလွဲ၍* ကျန်အလှအပများကို မ‌ဖော်ကြရ‌ပေ။ ထို့ပြင် သူမတို့သည် သူမတို့၏အ‌ပေါ်ရုံ(ပဝါ)များကို သူမတို့၏ရင်ဘတ်များ‌ပေါ်သို့ ချထားကြရမည်။ ထို့ပြင် သူမတို့သည် သူမတို့၏အလှအပကို သူမတို့၏ လင်‌ယောက်ျားများ သို့မဟုတ် သူမတို့၏ဖခင်များ သို့မဟုတ် သူမတို့၏လင်‌ယောက်ျား၏ဖခင်များ သို့မဟုတ် သူမတို့၏သားများ သို့မဟုတ် သူမတို့၏လင်ပါသားများ သို့မဟုတ် သူမတို့၏အစ်ကိုများ သို့မဟုတ် သူမတို့၏အစ်ကို၊‌မောင်များ၏သားများ သို့မဟုတ် သူမတို့၏အစ်မ၊ညီမများ၏သားများ သို့မဟုတ် သူမတို့၏မိန်းမအချင်းချင်းများ သို့မဟုတ် သူမတို့၏လက်ယာလက်များက ပိုင်ဆိုင်သည့်ကျွန်များ သို့မဟုတ် ‌ယောက်ျားများထဲမှ (မိန်းမများကို) အလိုမရှိ‌သော (သူမတို့၏)လက်‌အောက်ခံ‌နောက်လိုက်များ သို့မဟုတ် မိန်းမများ၏အတွင်း‌ရေးလျှို့ဝှက်ချက်များကို မသိနားမလည်ကြ‌သေး‌သော က‌လေးသူငယ်များ (ထိုသူများ)၏‌ရှေ့မှလွဲ၍ အခြားမည်သူ့‌ရှေ့၌မှ မ‌ဖော်ကြရ‌ပေ။* ထို့ပြင် သူမတို့သည် သူမတို့လျှို့ဝှက်ထားကြ‌သော လက်ဝတ်တန်ဆာများကို (သူများ)သိရှိရန် သူမတို့၏‌ခြေများကို ‌ဆောင့်မနင်းကြရ‌ပေ။ ထို့ပြင် အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့ ‌အောင်မြင်မှုရရှိရန်အတွက် အသင်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်တွင် ဝန်ချ‌တောင်းပန်ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek