Quran with Burmese translation - Surah An-Nur ayat 30 - النور - Page - Juz 18
﴿قُل لِّلۡمُؤۡمِنِينَ يَغُضُّواْ مِنۡ أَبۡصَٰرِهِمۡ وَيَحۡفَظُواْ فُرُوجَهُمۡۚ ذَٰلِكَ أَزۡكَىٰ لَهُمۡۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا يَصۡنَعُونَ ﴾
[النور: 30]
﴿قل للمؤمنين يغضوا من أبصارهم ويحفظوا فروجهم ذلك أزكى لهم إن الله﴾ [النور: 30]
Ba Sein ၃ဝ။ အို--တမန်တော်၊ သင်သည် ယုံကြည်သူအမျိုးသားတို့အား စူးစူးစိုက်စိုက်မကြည့်ပဲ မျက်နှာအောက်ငုံ့ထား၍ ကာယိန္ဒြေရှိဖို့ရာ ဟောကြားလော့၊ မှတ်သားကြလော့၊ အရှင်မြတ်သည် သူတို့ပြုကျင့်သမျှကို သိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန် မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်သည် အီမာန်ယုံကြည်သူများကို သူတို့၏မျက်စိများကို နှိမ့်ချထားရန်နှင့် သူတို့၏အရှက်အဂင်္ါများကို ထိန်းသိမ်းကြရန် ပြောကြားပါ။ ဤသည် သူတို့အတွက် အစင်ကြယ်ဆုံးပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ |