Quran with Burmese translation - Surah An-Nur ayat 32 - النور - Page - Juz 18
﴿وَأَنكِحُواْ ٱلۡأَيَٰمَىٰ مِنكُمۡ وَٱلصَّٰلِحِينَ مِنۡ عِبَادِكُمۡ وَإِمَآئِكُمۡۚ إِن يَكُونُواْ فُقَرَآءَ يُغۡنِهِمُ ٱللَّهُ مِن فَضۡلِهِۦۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ ﴾
[النور: 32]
﴿وأنكحوا الأيامى منكم والصالحين من عبادكم وإمائكم إن يكونوا فقراء يغنهم الله﴾ [النور: 32]
Ba Sein ၃၂။ ထို့အပြင်သင်တို့အနက် တကိုယ်ရေတကာယတည်းနေသူများ၊ အရှင်မြတ်နှင့် တရားတော်ကို ကြည်ညိုသော ကျွန်များ၊ မိန်းမအခိုင်းအစေများကို လက်ထပ်ထိမ်းမြားပေးကြလော့၊ အကယ်၍၎င်းတို့သည် ဆင်းရဲနွမ်းပါးခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ ဘဏ္ဍာတော်များမှ သူတို့အား ပေးကမ်းကြွယ်ဝစေတော်မူလိမ့်မည်၊ အလ္လာဟ်အရှင်မြတ်သည် ကြွယ်ဝတော်မူ၏ အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင် အသင်တို့သည် မိမိတို့အနက် ကြင်ဖော်ကြင်ဖက်မရှိသော ယောက်ျားမိန်းမတို့အားလည်းကောင်း၊ မိမိတို့၏ ကျွန်-ကျွန်မများအနက်(ထိမ်း မြားရန်)အရည်အချင်းနှင့် ပြည့်စုံကြသော ကျွန်-ကျွန်မ များအားလည်းကောင်း၊ ထိမ်းမြား၍ ပေးကြလေကုန်။ အကယ်၍ ၎င်းတို့သည် သူဆင်းရဲများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိကျေးဇူး တော်နှင့် ကြွယ်ဝချမ်းသာစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ချီးမြှင့်ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့ထဲမှ ဇနီးခင်ပွန်းမရှိသော ယောက်ျားမိန်းမများကိုလည်းကောင်း* အသင်တို့၏ကျွန်၊ ကျွန်မများထဲမှ (ထိမ်းမြားရန်)အရည်အချင်းရှိသော ကျွန်၊ ကျွန်မများ*ကိုလည်းကောင်း ထိမ်းမြားပေးကြပါ။ အကယ်၍ သူတို့သည် ဆင်းရဲသားများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အရှင်မြတ်၏ကျေးဇူးတော်နှင့် ချမ်းသာစေတော်မူမည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |