×

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၏ရောင်ခြည်တော် ဖြစ်တော်မူ၏။ အရှင့် ရောင်ခြည်တော်၏ဥပမာသည်ကား ထိုထဲတွင် မီးအိမ်တစ်ခုထည့်ထားသော နံရံကလိုင်ပေါက်တစ်ခုနှင့်အလား သဏ္ဍန်တူ၏။ ထိုမီးအိမ်သည် မှန်သားဖန်အိမ်ထဲတွင်ရှိပြီး ထိုမှန်သားဖန်အိမ်သည်ကား 24:35 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:35) ayat 35 in Burmese

24:35 Surah An-Nur ayat 35 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 35 - النور - Page - Juz 18

﴿۞ ٱللَّهُ نُورُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ مَثَلُ نُورِهِۦ كَمِشۡكَوٰةٖ فِيهَا مِصۡبَاحٌۖ ٱلۡمِصۡبَاحُ فِي زُجَاجَةٍۖ ٱلزُّجَاجَةُ كَأَنَّهَا كَوۡكَبٞ دُرِّيّٞ يُوقَدُ مِن شَجَرَةٖ مُّبَٰرَكَةٖ زَيۡتُونَةٖ لَّا شَرۡقِيَّةٖ وَلَا غَرۡبِيَّةٖ يَكَادُ زَيۡتُهَا يُضِيٓءُ وَلَوۡ لَمۡ تَمۡسَسۡهُ نَارٞۚ نُّورٌ عَلَىٰ نُورٖۚ يَهۡدِي ٱللَّهُ لِنُورِهِۦ مَن يَشَآءُۚ وَيَضۡرِبُ ٱللَّهُ ٱلۡأَمۡثَٰلَ لِلنَّاسِۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٞ ﴾
[النور: 35]

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၏ရောင်ခြည်တော် ဖြစ်တော်မူ၏။ အရှင့် ရောင်ခြည်တော်၏ဥပမာသည်ကား ထိုထဲတွင် မီးအိမ်တစ်ခုထည့်ထားသော နံရံကလိုင်ပေါက်တစ်ခုနှင့်အလား သဏ္ဍန်တူ၏။ ထိုမီးအိမ်သည် မှန်သားဖန်အိမ်ထဲတွင်ရှိပြီး ထိုမှန်သားဖန်အိမ်သည်ကား အရှေ့ဘက်စွန်းမှ မဖြစ်ရုံမက အနောက်ဘက်စွန်းမှလည်း မဖြစ်သော ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည့် သံလွင်ပင်မှ ယင်း၏ဆီသည် မီးနှင့်မည်သည့်အခါမျှ မထိတွေ့ပါလျက် ထွန်းလင်းတောက် ပစေခြင်းခံရပြီး အလွန်ထွန်းလင်း တောက်ပနေသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ဖြစ်၏။ ရောင်ခြည်တော်အပေါ် ရောင်ခြည်တော် ထပ်ဆင့် လျက် ရှိနေ၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား အရှင့်ရောင်ခြည်တော်ဘက်သို့ လမ်းညွှန်တော်မူ၏။ ထို့ ပြင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ပုံဆောင်ဥပမာအမျိုးမျိုးဖြင့် မြင်သာအောင် ရှင်းပြတော်မူ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။

❮ Previous Next ❯

ترجمة: الله نور السموات والأرض مثل نوره كمشكاة فيها مصباح المصباح في زجاجة, باللغة البورمية

﴿الله نور السموات والأرض مثل نوره كمشكاة فيها مصباح المصباح في زجاجة﴾ [النور: 35]

Ba Sein
၃၅။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်မိုးကောင်းကင်၏ ရောင်ခြည်တော်ဖြစ်၏၊ အရှင်မြတ်၏ ရောင်ခြည်တော် ကို ပမာဆိုသည်ရှိသော် အုတ်ကျောက်နံရံမှ လှိုဏ်ခေါင်းတွင်ရှိသောမှန်အိမ်နှင့်တူ၏၊ ထိုမှန်အိမ်သည် ဖန်ဘူး အတွင်း၌ရှိ၏၊ ထိုဖန်ဘူးသည် အလွန်ပင်ထွန်းတောက်နေသောကြယ်နက္ခတ်ကြီးနှင့် အလားတူ၏။ ထိုမှန်အိမ်ကို အလွန်သုမင်္ဂလာရှိသောသစ်ပင်မှ ထွန်းညှိထား၏၊ ထိုသစ်ပင်သည် အရှေ့မျက်နှာစွန်းအနောက်မျက်နှာစွန်းမှ မဟုတ်သောသံလွင်ပင်ဖြစ်၏၊ ထိုသံလွင်ပင်မှ ဆီသည် နဂိုပကတိအတိုင်းကြည်လင်သောသတ္တိအစွမ်းဖြင့်၊ မီးမညှိသော်လည်း အလိုလိုပင်လင်းဝင်းလုဘန်းမျှရှိ၏၊ အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်သည် အလင်း ရောင်တစ်ထပ်ပြီးတစ်ထပ်၊ အထပ်ထပ်ရှိ၏၊ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိသူကို ရောင်ခြည်တော် အတွင်းသို့ ညွှန်ပြတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဥပမာဆောင်၍ ဗျာဒိတ်ပေးတော်မူ၏၊ အကြောင်းမူကားအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေ၏ ရောင်ခြည်တော် ဖြစ်တော်မူ၏။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေနှင့် မိုးကောင်းကင်များတွင်ရှိသူတို့အား ဓမ္မရောင်ခြည်ပေးတော်မူသော အရှင်ဖြစ်တော်မူသည်)။ ထိုအရှင်မြတ်၏ (ဓမ္မ)ရောင်ခြည်တော်၏ ဥပမာကား နံရံတွင်းရှိ အကြင်ဂူလိုဏ်နှင့် အလားတူပေသည်။ ထိုဂူလိုဏ်အတွင်းဝယ် ဆီမီးတစ်ခုရှိ၏။ ထိုဆီမီးမှာ မှန်အိမ်တစ်ခုအတွင်း၌ ရှိပေသည်။ ထိုမှန်အိမ်မှာမူကား ထွန်းလင်းတောက်ပသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ယင်းဆီမီးမှာ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံသော သစ်ပင်မှ သံလွင်ဆီဖြင့် ထွန်းရလေသည်။ ထိုသစ်ပင်မှာမူကား အကာအကွယ်တစ်ခုခု၏ အရှေ့ဘက်၌ ကျသည်လည်းမဟုတ်၊ အနောက်ဘက်၌ ကျသည်လည်းမဟုတ်ပေ။ ထိုသစ်ပင်၏အဆီမှာ မီးနှင့်လုံးဝ တို့မိခြင်း မရှိငြားသော်လည်း ထတောက်အံ့ဆဲဆဲ ဖြစ်နေပေသည်။ (အမှန်သော်ကား)ရောင်ခြည်ပေါ်၌ ရောင်ခြည် (ထပ် လျက်ပင်) ရှိနေပေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိ၏(ဓမ္မ)ရောင်ခြည်တော်သို့ လမ်းညွှန် တော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ သိမ်းတို့ကို အကြွင်းမဲ့သိမြင်ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီ၏ ‌ရောင်ခြည်‌တော်ဖြစ်‌တော်မူသည်။ (အားလုံးကို လမ်းမှန်‌ရောင်ခြည် ညွှန်ကြားပြသ‌တော်မူ‌သောအရှင်* ဖြစ်‌တော်မူသည်)။ အရှင်မြတ်၏‌ရောင်ခြည်၏သာဓကသည် နံရံထဲမှ အကြင်လိုဏ်ဂူနှင့်တူသည်။ ထိုလိုဏ်ဂူထဲတွင် ဆီမီးတစ်ခုရှိသည်။ ထိုဆီမီးသည် မှန်အိမ်တစ်ခုအတွင်းတွင်ရှိသည်။ ထိုမှန်အိမ်သည် လင်းဝင်း‌တောက်ပ‌သော ကြယ်တစ်လုံးကဲ့သို့ဖြစ်၍ ထိုဆီမီးကို မဂင်္လာရှိ‌သောသစ်ပင်က သံလွင်ဆီနှင့် ထွန်းထားသည်။ ထိုသစ်ပင်သည် အ‌ရှေ့ဘက်လည်းမကျ၊ အ‌နောက်ဘက်လည်းမကျဘဲ (‌နေ‌ရောင်ခြည် အမြဲရသည့်‌နေရာဖြစ်၍) ထိုသစ်ပင်၏အဆီသည် မီးနှင့်လုံးဝမထိ‌သေးဘဲနှင့်ပင် ထ‌တောက်လုမတတ် (ကြည်လင်‌တောက်ပမှု)ဖြစ်‌နေသည်။ ‌ရောင်ခြည်‌ပေါ်တွင် ‌ရောင်ခြည်ရှိ‌နေသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏‌ရောင်ခြည်‌တော် (အမှန်တရား)ထံသို့ လမ်းညွှန်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek