×

ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့ထံသို့ အမှန်တရားကို ထင်ရှားရှင်းလင်းစေသော အာယသ်သက်သေလက္ခဏာတော်များအဖြစ်လည်းကောင်း၊ သင်တို့အလျင် လွန်လေပြီးသော ရှေးခေတ်လူတို့ ၏စံနမူနာယူများအဖြစ်လည်းကောင်း၊ အရှင့်စည်းမျဉ်းတော်များအား 24:34 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:34) ayat 34 in Burmese

24:34 Surah An-Nur ayat 34 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 34 - النور - Page - Juz 18

﴿وَلَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ ءَايَٰتٖ مُّبَيِّنَٰتٖ وَمَثَلٗا مِّنَ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِكُمۡ وَمَوۡعِظَةٗ لِّلۡمُتَّقِينَ ﴾
[النور: 34]

ထို့ပြင် ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့ထံသို့ အမှန်တရားကို ထင်ရှားရှင်းလင်းစေသော အာယသ်သက်သေလက္ခဏာတော်များအဖြစ်လည်းကောင်း၊ သင်တို့အလျင် လွန်လေပြီးသော ရှေးခေတ်လူတို့ ၏စံနမူနာယူများအဖြစ်လည်းကောင်း၊ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက် လမ်းညွှန်နှင့်ဆုံးမသြဝါဒအဖြစ်လည်းကောင်း၊ (ကျမ်းတော်မြတ်ကုရ်အာန်ကို) ချမှတ်ပေးအပ်တော်မူခဲ့ပြီး ဖြစ်၏။

❮ Previous Next ❯

ترجمة: ولقد أنـزلنا إليكم آيات مبينات ومثلا من الذين خلوا من قبلكم وموعظة, باللغة البورمية

﴿ولقد أنـزلنا إليكم آيات مبينات ومثلا من الذين خلوا من قبلكم وموعظة﴾ [النور: 34]

Ba Sein
၃၄။ မုချဧကန်ငါအရှင်မြတ်သည် သင်တို့အဖို့အရာ အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသောနှုတ်ကပတ်တော်များနှင့် သင်တို့ အလျင်ကျ၍ ကွယ်ပျောက်သွားသောရှေးလူဟောင်းတို့၏ဥပမာများကို ချပေးတော်မူ၏၊ စင်စစ်အားဖြင့် ကျမ်း တော်မြတ်သည် ဒုစရိုက်အပြစ်ကို တားဆီးသူတို့အဖို့အရာ အဆုံးအမကျမ်းတော်မြတ်ဖြစ်၏။
Ghazi Mohammad Hashim
ထို့ပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များကိုလည်းကောင်း၊ အသင်တို့အလျင် လွန်လေပြီးသော ရှေးသူဟောင်းတို့၏ အလားတူ အတ္ထုပ္ပတ္တိများကိုလည်းကောင်း၊ သူမွန်သူ မြတ်တို့အကျိုးငှာ ဆုံးမဩဝါဒကိုလည်းကောင်း၊ ချပေးသနား တော်မူခဲ့ပေသတည်း။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှား‌သောအမိန့်‌တော်များနှင့် အသင်တို့မတိုင်မီက ‌ကျော်လွန်ခဲ့သည့်သူများ၏ အလားတူအ‌ကြောင်းများအပြင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအတွက် ဆုံးမဩဝါဒကို ချ‌ပေး‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek