Quran with Burmese translation - Surah An-Nur ayat 5 - النور - Page - Juz 18
﴿إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴾
[النور: 5]
﴿إلا الذين تابوا من بعد ذلك وأصلحوا فإن الله غفور رحيم﴾ [النور: 5]
Ba Sein ၅။ သို့ရာတွင် အကြင်သူသည် ယင်းကဲ့သို့အပြစ်ဒဏ်ခံရပြီးနောက် သတိနောင်တရ၍ သီလသမာဓိရှိအ့ံ၊ ထိုသူကို သက်သေခံခွင့်ပေးကြလော့၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီး မင်္ဂလာပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် အကြင်သူတို့သည် ထို့နောက် ဝန်ချတောင်းပန်ကြ၍ (မိမိတို့ကိုယ်ကို) ပြုပြင်ခဲ့ကြသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint သို့ရာတွင် အကြင်သူများသည် ထို(သို့စွပ်စွဲပြီး)နောက် ဝန်ချတောင်းပန်ကြပြီး ပြုပြင်နေခဲ့ကြသည်ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် ခွင့်လွှတ်တော်မူသောအရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင်ပင် ဖြစ်တော်မူသည်။ |