Quran with Burmese translation - Surah An-Nur ayat 56 - النور - Page - Juz 18
﴿وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ ﴾
[النور: 56]
﴿وأقيموا الصلاة وآتوا الزكاة وأطيعوا الرسول لعلكم ترحمون﴾ [النور: 56]
Ba Sein ၅၆။ အရှင်မြတ်ထံတော်မှ ကရုဏာတော်၊ ကောင်းကြီးမင်္ဂလာတော်ရရှိစိမ့်သောငှာ ဆွလားသ်ဝတ်ပြုကြလော့၊ ဇကားသ်အလှုကို ပေးကြလော့၊ ထို့အပြင်တမန်တော်ကို နာခံကြလော့။ |
Ghazi Mohammad Hashim ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ကရုဏာပြုခြင်းကို ခံကြရရန်အတွက် စွလာသ်ဝတ်ပြုမှုကို တည်ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် ဇကာသ်ပေးဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် တမန်တော်၏အမိန့်ကို လိုက်နာကြပါ။ |