×

အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော ပြုမူကျင့်ကြံမှုများကို ကျင့်မူဆောက်တည်ကြသောသူတို့အား ကတိပေးတော်မူသည်မှာ သူတို့အလျင် ရှိခဲ့ကြ သောသူတို့အား (ကမ္ဘာမြေပေါ်ဝယ်) 24:55 Burmese translation

Quran infoBurmeseSurah An-Nur ⮕ (24:55) ayat 55 in Burmese

24:55 Surah An-Nur ayat 55 in Burmese (البورمية)

Quran with Burmese translation - Surah An-Nur ayat 55 - النور - Page - Juz 18

﴿وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَيَسۡتَخۡلِفَنَّهُمۡ فِي ٱلۡأَرۡضِ كَمَا ٱسۡتَخۡلَفَ ٱلَّذِينَ مِن قَبۡلِهِمۡ وَلَيُمَكِّنَنَّ لَهُمۡ دِينَهُمُ ٱلَّذِي ٱرۡتَضَىٰ لَهُمۡ وَلَيُبَدِّلَنَّهُم مِّنۢ بَعۡدِ خَوۡفِهِمۡ أَمۡنٗاۚ يَعۡبُدُونَنِي لَا يُشۡرِكُونَ بِي شَيۡـٔٗاۚ وَمَن كَفَرَ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ﴾
[النور: 55]

အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန် ကောင်းမြတ်သော ပြုမူကျင့်ကြံမှုများကို ကျင့်မူဆောက်တည်ကြသောသူတို့အား ကတိပေးတော်မူသည်မှာ သူတို့အလျင် ရှိခဲ့ကြ သောသူတို့အား (ကမ္ဘာမြေပေါ်ဝယ်) အုပ်ချုပ်ခွင့်အာဏာဆက်ခံသူများ ဖြစ်စေတော်မူခဲ့သည့်နည်းတူ သူတို့ကို လည်း (လက်ရှိအုပ်ချုပ်ခွင့် အာဏာရရှိထားသူတို့၏နေရာတွင် အစားတိုးနိုင်မည့် ဆက်ခံများ ဧကန်မုချပင်၊ ဖြစ်စေတော်မူပြီး သူတို့အတွက် အရှင်မြတ်နှစ်သက်တော်မူသော သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ် ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ကို သူတို့အကျိုးငှာ မြဲမြံခိုင်ခံ့စွာ ထူ ထောင်စေတော်မူသည့်အပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏အကြောက်တရား (နှင့်စိုးရိမ်မှု) နောက်တွင် ငါအရှင်မြတ်ကိုသာလျှင် နာခံကိုးကွယ်ခြင်း ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် သက်ရှိသက်မဲ့ ကိုမျှ ကိုးကွယ်ရာအဖြစ် မကိုးကွယ်ခြင်းကြောင့် ဘေးကင်းလုံဘခုံမှုနှင့်တည်ငြိမ်းအေးချမ်းမှုသို့ မုချပင် ပြောင်းလဲစေတော်မူမည်။ ထိုအခြေအနေသို့ရောက်ပြီးနောက်တွင်မှ မည်သူမဆို အမှန်တရားကို မယုံကြည် ငြင်းပယ် ဖုံးကွယ်၍ ကျေးဇူးကန်းကြလျှင် ထိုသူတို့သည် အရှင့်စည်းမျဉ်းတော်များကို အာခံဖီဆန်သော ကောက်ကျစ် ယုတ်မာသူများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: وعد الله الذين آمنوا منكم وعملوا الصالحات ليستخلفنهم في الأرض كما استخلف, باللغة البورمية

﴿وعد الله الذين آمنوا منكم وعملوا الصالحات ليستخلفنهم في الأرض كما استخلف﴾ [النور: 55]

Ba Sein
၅၅။ သင်တို့အနက် မည်သူမဆိုယုံကြလျက် သုစရိုက်ကောင်းမှုပြုလုပ်အ့ံ၊ ထိုသူအား အလ္လာဟ်အရှင်မြတ်ပေးတော် မူသောကတိသစ္စာတော်မှာ ဤသို့တည်း၊ သင်တို့ထက် ရှေးကျသောသူတို့ကို ကမ္ဘာပေါ်၌ အုပ်ချုပ်သူများဖြစ်စေ တော်မူသကဲ့သို့ ယခုလည်းယုံကြည်သူတို့ကို အကြီးအကဲမုချဖြစ်စေတော်မူမည်၊ ယုံကြည်သူတို့အတွက် အလ္လာဟ်အရှင်မြတ်နှစ်သက်ပြဋ္ဌာန်းတော်မူသောသာသနာကြီးကို အရှင်မြတ်သည် မုချထွန်းလင်းတောက်ပ စေတော်မူမည်၊ ယုံကြည်သူတို့အား သူတို့၏ ထိတ်လန့်ကြောက်ရွံ့ရပြီးနောက် ၎င်းအစားလုံခြံုပျော်မွေ့ခြင်းကို ပေးတော်မူမည်၊ သူတို့သည် ငါ့အား ခဝပ်ကိုးကွယ်ကြ၏၊ သူတို့သည် ငါနှင့်ဘုရားတုများကို မတွဲဖက်ကြချေ၊ ယနေ့မှစ၍ မယုံကြည်သူတို့သည် အလွန်မိုက်မဲသောဒုစရိုက်ကောင်များဖြစ်ကြ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား (ဤသို့) ကတိပေးတော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သောသူတို့အား (ကမ္ဘာမြေဝယ်) အုပ်ချုပ်စေတော်မူခဲ့ သည့်နည်းတူ ၎င်းတို့အားလည်း အုပ်ချုပ်စေတော်မူမည်။ ထို့ ပြင် ၎င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်)သာသနာတော်ကို ၎င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ စိုးရိမ်မှုနောက်တွင် ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်။ (အကယ်၍) ၎င်းတို့သည် တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲ ငါအရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်နေကြပါလျှင်၊ စင်စစ်သော်ကား မည်သူမဆို ထိုသည့်နောက်တွင် ကျေးဇူးကန်းခဲ့သည်ရှိသော်၊ ယင်းကဲ့သို့ သူတို့သည်သာလျှင် အမိန့်တော်ကို ဖီဆန်သူများ ဖြစ်ကြကုန်သတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များ ပြုလုပ်ကြသည့်သူများအား ကတိ‌ပေး‌တော်မူသည်- အရှင်မြတ်သည် သူတို့မတိုင်မီကရှိခဲ့သည့်သူများအား (ကမာ္ဘ‌မြေတွင်)အုပ်ချုပ်‌စေ‌တော်မူသကဲ့သို့ပင် သူတို့အားလည်း အမှန်စင်စစ် အုပ်ချုပ်‌စေ‌တော်မူမည်။ ထို့ပြင် သူတို့အတွက် အရှင်မြတ်နှစ်သက်‌တော်မူ‌သော (အစ္စလာမ်)သာသနာ‌တော်ကို သူတို့အကျိုးအတွက် အမှန်ပင် မြဲမြံခိုင်ခံ့‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ကြောက်ရွံ့စိုးရိမ်မှု‌နောက်တွင် ငြိမ်းချမ်းမှုကို အမှန်စင်စစ် ‌ပြောင်းလဲ‌ပေး‌တော်မူမည်။* (အကယ်၍)သူတို့သည် ငါအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝ တွဲဖက်ကိုးကွယ်ခြင်း မပြုဘဲ ငါအရှင်မြတ်ကိုသာ ကိုးကွယ်‌နေကြလျှင်၊ ထို့ပြင် မည်သူမဆို ထို့‌နောက်တွင် ‌ကျေးဇူးကန်းခဲ့လျှင် ထိုသူများပင် အမိန့်‌တော်ကို ဖီဆန်သည့်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek