Quran with Burmese translation - Surah Al-Furqan ayat 48 - الفُرقَان - Page - Juz 19
﴿وَهُوَ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ طَهُورٗا ﴾
[الفُرقَان: 48]
﴿وهو الذي أرسل الرياح بشرا بين يدي رحمته وأنـزلنا من السماء ماء﴾ [الفُرقَان: 48]
Ba Sein ၄၈။ တဖန်အလ္လာဟ်အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏၊ ထိုလေများသည် အရှင်မြတ်၏ မဟာကရုဏာ တော်ကျရောက်မည့်သတင်းကောင်းကို ယူဆောင်လာသောရှေ့ပြေးများဖြစ်ကြသည်၊ ထို့နောက်အာကာသမှ သန့်ရှင်းစင်ကြယ်သောမိုးကို ရွာသွန်းစေတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုအရှင်မြတ်သည်ပင် လေများကို မိမိကရုဏာတော် (ဝါ) မိုးမရွာမီ ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်သော (မိုး)ရေကို ချပေးသနားတော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်ကပင် လေများကို အရှင်မြတ်၏ကရုဏာ(မိုး)မရွာခင် ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ စင်ကြယ်သန့်ရှင်းအောင်ပြုလုပ်သော (မိုး)ရေကို ချပေးတော်မူခဲ့သည်။ |