×

စင်စစ်သော်ကား သူတို့အား “သင်တို့သည် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာ ရှင် (၏အမိန့်တော်များ နာခံလိုက်နာလျက် အရှင်မြတ်) အား 25:60 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:60) ayat 60 in Burmese

25:60 Surah Al-Furqan ayat 60 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 60 - الفُرقَان - Page - Juz 19

﴿وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورٗا۩ ﴾
[الفُرقَان: 60]

စင်စစ်သော်ကား သူတို့အား “သင်တို့သည် အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော ကရုဏာ ရှင် (၏အမိန့်တော်များ နာခံလိုက်နာလျက် အရှင်မြတ်) အား ပျပ်ဝပ်ဦးချကြလော့။” ဟု ပြောဆိုမိန့်ကြားသည့်အခါ သူတို့က ကရုဏာရှင်ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အသင်က ကျွန်ုပ်တို့အား အမိန့်ပေးတိုက် တွန်းသောအရာအား နာခံဦးချကြရပါမည်လော။” ဟု စောဒကတက်ဖြေ ဆိုကြ၏။ စင်စစ် (ဤပြောဆိုမှုကြောင့်) သူတို့၌ မောက်မာသော ရွံရှာမုန်းတီးမှုကို ပိုမိုတိုးတက်စေလေ၏။

❮ Previous Next ❯

ترجمة: وإذا قيل لهم اسجدوا للرحمن قالوا وما الرحمن أنسجد لما تأمرنا وزادهم, باللغة البورمية

﴿وإذا قيل لهم اسجدوا للرحمن قالوا وما الرحمن أنسجد لما تأمرنا وزادهم﴾ [الفُرقَان: 60]

Ba Sein
၆ဝ။ ထို့အပြင်သူတို့အား မဟာကရုဏာတော်အရှင်အား ခဝပ်ကိုးကွယ်ကြလော့ဟု ဆိုသောအခါ သူတို့က မဟာကရု ဏာတော်အရှင်သည် အဘယ်ဟာနည်း၊ရှင်မိုဟမ္မဒ်၊ သင်က ဝတ်ပြုဦးညွတ်လော့ဟုဆိုသောမည်သည့်အရာမဆို ငါတို့ပျပ်ဝပ်ကြမည်လောဟု တုံ့ပြန်ပြောဆိုကြ၏၊ ယင်းတိုက်တွန်းနှိုးဆော်ခြင်းသည် ထိုသူတို့၌ မုန်းတီးခြင်းကို တိုးပွားစေ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်အား ‘စဂျီဒဟ်’ ပျပ်ဝပ် ဦးချကြလေကုန်ဟု ပြောကြားခဲ့ပါလျှင် ၎င်းတို့က ‘ရဟ်မာန်’ ဟူသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် အသင် အကျွန်ုပ်တို့အား အမိန့်ပေးသောအရာကို ‘စဂျ်ဒဟ်’ ပျပ်ဝပ်ဦး ချကြရပါမည်လောဟု ဆိုကြကုန်၏။ စင်စစ် (ဤပြောဆို ညွှန်ကြားမှုသည်) ၎င်းတို့၌ စက်ဆုပ်မှုကို ပိုမိုတိုးတက်စေခဲ့ပေသတည်း။
Hashim Tin Myint
ထို့ပြင် သူတို့ကို “အသင်တို့သည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ကို စဂျ်ဒဟ် ဦးချကြပါ“ဟု ‌ပြောကြားသည့်အခါ သူတို့က “ရဟ်မာန် ဆိုသည်မှာ မည်သူနည်း၊ ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့အား အမိန့်‌ပေး‌သောအရာကို စဂျ်ဒဟ်ဦးချကြရမည်‌လော“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် (အရှင်မြတ်အား) ဦးချခိုင်းခြင်းက သူတို့ကို စက်ဆုပ်မှု ပိုတိုး‌စေခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek