Quran with Burmese translation - Surah Al-Furqan ayat 61 - الفُرقَان - Page - Juz 19
﴿تَبَارَكَ ٱلَّذِي جَعَلَ فِي ٱلسَّمَآءِ بُرُوجٗا وَجَعَلَ فِيهَا سِرَٰجٗا وَقَمَرٗا مُّنِيرٗا ﴾
[الفُرقَان: 61]
﴿تبارك الذي جعل في السماء بروجا وجعل فيها سراجا وقمرا منيرا﴾ [الفُرقَان: 61]
Ba Sein ၆၁။ အထက်ကောင်းကင်ဘုံ၌ ကြယ်နက္ခတ်တာရာစုအရှိန် ထွန်းလင်းတောက်ပသောနေနှင့်လတို့ကို ဖန်ဆင်းထား တော်မူသောအရှင်မြတ်သည် ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူပါ၏။ |
Ghazi Mohammad Hashim အကြင်အရှင်မြတ်သည် ‘ဗရ်ကသ်’ မင်္ဂလာနှင့် အလွန်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်၌ ဆယ့်နှစ်ရာသီအင်သာစက်များကို ဂြိုဟ်နက္ခတ်များကို ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၌ ဆီးမီးတစ်ခုကိုလည်းကောင်း၊ လင်းဝင်းတောက်ပသော လစန္ဒာကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။ |
Hashim Tin Myint အကြင် အရှင်မြတ်သည် ဗရကသ်မဂင်္လာနှင့် အလွန်ပြည့်စုံတော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်တွင် ကြီးမားသောကြယ်တာရာများကို (သူတို့၏ ရပ်နားစခန်းများနှင့်တကွ)ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုမိုးကောင်းကင်တွင် ထွန်းလင်းတောက်ပသော နေနှင့် လင်းဝင်းသော လကို ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။ |