×

ထို့ပြင် ထိုသူတို့က အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ ကျွန်ုပ်တို့ထံမှ ငရဲမီး၏ပြစ်ဒဏ်ကို တားဆီးဖယ်ရှားပေးတော်မူပါ။ ဧကန်ပင်၊ ငရဲမီး 25:65 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:65) ayat 65 in Burmese

25:65 Surah Al-Furqan ayat 65 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 65 - الفُرقَان - Page - Juz 19

﴿وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصۡرِفۡ عَنَّا عَذَابَ جَهَنَّمَۖ إِنَّ عَذَابَهَا كَانَ غَرَامًا ﴾
[الفُرقَان: 65]

ထို့ပြင် ထိုသူတို့က အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ ကျွန်ုပ်တို့ထံမှ ငရဲမီး၏ပြစ်ဒဏ်ကို တားဆီးဖယ်ရှားပေးတော်မူပါ။ ဧကန်ပင်၊ ငရဲမီး ၏ပြစ်ဒဏ်သည်ကား အတောမသတ်သော ပြင်းထန်လှသည့် မချိတင်ကဲဝေဒနာပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: والذين يقولون ربنا اصرف عنا عذاب جهنم إن عذابها كان غراما, باللغة البورمية

﴿والذين يقولون ربنا اصرف عنا عذاب جهنم إن عذابها كان غراما﴾ [الفُرقَان: 65]

Ba Sein
၆၅။ ၎င်းအပြင်ထိုသူတို့သည် ဤသို့ဆုတောင်းကြ၏၊ အို--အကျွနု်ပ်၏ အသက်သခင်ကျေးဇူးရှင်၊ အဝီစီငရဲ၏ အပြစ်ဒဏ်ကို အကျွနု်ပ်တို့နှင့်ဝေးကွာအောင် ဖယ်ရှားတော်မူပါ၊ အမှန်မှာ ထိုဒဏ်တော်သည် အလွန်ကြောက် မက်ဖွယ်ပြင်းပြနာကျင်ဖွယ်ကောင်းလှပါ၏။
Ghazi Mohammad Hashim
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည်(ဤသို့) လျှောက်ထားကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကို ကျွန်တော်မျိုးတို့မှ ဖယ်ရှားပေးတော်မူပါ။ ဧကန်မလွဲ ယင်းဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ပျက်စီးမှုပင်၊ ပြင်းထန်လှသောဒုက္ခပင်၊ အဆက်မပြတ် သက်ရောက်အံ့သော ပြစ်ဒဏ်ပင်ဖြစ်ပါသည်။
Hashim Tin Myint
ထို့ပြင် ထိုသူများသည် (ဤသို့)‌ပြောဆို‌လျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီး၏အပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံမှ ဖယ်ရှား‌တော်မူပါ။ အမှန်စင်စစ် ထိုငရဲမီး၏ပြစ်ဒဏ်သည် ပျက်စီးမှု၊ ပြင်းထန်သည့်ဒုက္ခ၊ အဆက်မပြတ်ကျ‌ရောက်မည့် အပြစ်ဒဏ်ပင် ဖြစ်ပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek