×

ထို့နောက် သူတို့သည် (တမန်တော်) ဟူဒ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပေရာ (အကျိုးဆက်အဖြစ်) ငါအရှင်မြတ်သည် သူတို့ကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။ 26:139 Burmese translation

Quran infoBurmeseSurah Ash-Shu‘ara’ ⮕ (26:139) ayat 139 in Burmese

26:139 Surah Ash-Shu‘ara’ ayat 139 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shu‘ara’ ayat 139 - الشعراء - Page - Juz 19

﴿فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ﴾
[الشعراء: 139]

ထို့နောက် သူတို့သည် (တမန်တော်) ဟူဒ်အား မဟုတ်မတရား မမှန်မကန် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပေရာ (အကျိုးဆက်အဖြစ်) ငါအရှင်မြတ်သည် သူတို့ကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။ မလွဲဧကန်၊ ထို (ဖြစ်ရပ်) ၌ ကြီးကျယ်လှစွာသော သင်ခန်းစာနှင့်သက်သေလက္ခဏာ တစ်ရပ်ရှိသော်လည်း (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အနက်မှ အများစု သက်ဝင် ယုံကြည်သူများ မဖြစ်ခဲ့ကြချေ။

❮ Previous Next ❯

ترجمة: فكذبوه فأهلكناهم إن في ذلك لآية وما كان أكثرهم مؤمنين, باللغة البورمية

﴿فكذبوه فأهلكناهم إن في ذلك لآية وما كان أكثرهم مؤمنين﴾ [الشعراء: 139]

Ba Sein
၁၃၉။ ထိုသူတို့သည် သူ့ကို ငြင်းဆန်ကြ၏၊ ထို့ကြောင့်ငါသည် သူတို့အား သုတ်သင်ရှင်းလင်းတော်မူ၏၊ မှတ်သား ကြလော့၊ ဤအကြောင်းအရာများတွင် နိမိတ်လက္ခဏာထူးအမှန်ပါရှိ၏၊ သို့သော်သူတို့အနက်များပြားလှသော သူတို့သည် ယုံကြည်သူများမဟုတ်ကြချေ။
Ghazi Mohammad Hashim
အချုပ်မှာ ၎င်းအမျိုးသားတို့သည် ထိုဟူဒ်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား ပြင်းထန်လှစွာသော လေပြင်းမုန်တိုင်းဖြင့် ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏။ ဧကန်မလွဲ ဤသည့်ဖြစ်ရပ်၌လည်း (ကြီးကျယ်လှစွာသော) သင်ခန်းစာ ရှိပေ၏။ သို့ရာတွင် ၎င်းတို့(မက္ကာမြို့သားကာဖိရ်များ)အနက် အများဆုံးသော သူတို့မှာကား သက်ဝင်ယုံကြည်မည့်သူများ မဟုတ်ကြချေ။
Hashim Tin Myint
ထို့‌နောက် သူတို့သည် (တမန်‌တော်)ဟူဒ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား ဖျက်ဆီး‌တော်မူခဲ့သည်။အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်‌သော သက်‌သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek