Quran with Burmese translation - Surah Ash-Shu‘ara’ ayat 155 - الشعراء - Page - Juz 19
﴿قَالَ هَٰذِهِۦ نَاقَةٞ لَّهَا شِرۡبٞ وَلَكُمۡ شِرۡبُ يَوۡمٖ مَّعۡلُومٖ ﴾
[الشعراء: 155]
﴿قال هذه ناقة لها شرب ولكم شرب يوم معلوم﴾ [الشعراء: 155]
Ba Sein ၁၅၅။ တမန်တော်က သူတို့အား ဤသို့ပြောဆို၏၊ ဤကုလားအုတ်မကို ကြည့်ရှုကြလော့၊ ထိုကုလားအုပ်မနှင့် သင်တို့သည် မိမိတို့အတွက် သတ်မှတ်ထားသောနေ့၌ ရေတွင်းတွင် အလှည့်ကျသောက်သုံးခွင့်ရှိကြ၏။ |
Ghazi Mohammad Hashim (ဆွာလိဟ်ကပြောကြားခဲ့၏)။ ဤသည် ကုလားအုတ်မတစ်ကောင်ဖြစ်၏။ ယင်း ကုလားအုတ်မ၌ ရေသောက်ရန် အလှည့်တစ်လှည့်ရှိ၍ အသင်တို့၌လည်း သတ်မှတ်ထားပြီးဖြစ်သော နေ့တစ်နေ့တွင် ရေသောက်ရန် အလှည့်တစ်လှည့်သည်ရှိ၏။ |
Hashim Tin Myint ၎င်း(တမန်တော်စွာလိဟ်)က ပြောဆိုခဲ့သည်- ဤသည် ကုလားအုတ်မတစ်ကောင်ဖြစ်သည်။ သူ့အတွက် ရေသောက်ရန် အလှည့်တစ်လှည့်ရှိပြီး အသင်တို့အတွက်လည်း သတ်မှတ်ထားသော နေ့တစ်နေ့တွင် ရေသောက်ရန် အလှည့်တစ်လှည့်ရှိသည်။ |