Quran with Burmese translation - Surah Ash-Shu‘ara’ ayat 205 - الشعراء - Page - Juz 19
﴿أَفَرَءَيۡتَ إِن مَّتَّعۡنَٰهُمۡ سِنِينَ ﴾ 
[الشعراء: 205]
﴿أفرأيت إن متعناهم سنين﴾ [الشعراء: 205]
| Ba Sein ၂ဝ၅။ ထို့ကြောင့်သင်စဉ်းစားဆင်ခြင်သလော၊ အကယ်၍ငါသည် ထိုမိစ္ဆာမိုက်တို့အား လောကီစည်းစိမ်ကာမဂုဏ်၌ နှစ်လရှည်ကြာစွာမွေ့လျော်ပျော်ပါးနေစေကာမူ။ | 
| Ghazi Mohammad Hashim အသင်သည် မည်သို့ယူဆပါသနည်း။ အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကာလ ကြာရှည်စွာအကျိုးခံစားခွင့် ပေးတော်မူခဲ့ပါလျှင်။ | 
| Hashim Tin Myint အသင် မည်ကဲ့သို့ ယူဆမည်နည်း၊ အကယ်၍ ငါအရှင်မြတ်သည် သူတို့အား နှစ်ကာလရှည်လျားစွာ အကျိုးခံစားခွင့်ပေးတော်မူခဲ့လျှင်။ |