Quran with Burmese translation - Surah Ash-Shu‘ara’ ayat 4 - الشعراء - Page - Juz 19
﴿إِن نَّشَأۡ نُنَزِّلۡ عَلَيۡهِم مِّنَ ٱلسَّمَآءِ ءَايَةٗ فَظَلَّتۡ أَعۡنَٰقُهُمۡ لَهَا خَٰضِعِينَ ﴾
[الشعراء: 4]
﴿إن نشأ ننـزل عليهم من السماء آية فظلت أعناقهم لها خاضعين﴾ [الشعراء: 4]
Ba Sein ၄။ ငါအလိုတော်ရှိလျှင် အထက်ကောင်းကင်ဘုံမှ တစ်ခုတစ်ခုသောနိမိတ်လက္ခဏာအ့ံဖွယ်တော်ကို ၎င်းတို့အပေါ်သို့ ချပေးတော်မူလတ့ံ၊ ထိုအခါသူတို့၏ လည်ကုတ်များသည် ထိုနိမိတ်လက္ခဏာတော်ရှေ့မှောက်၌ ကိုင်းညွတ်လျက် နေကြလတ့ံ။ |
Ghazi Mohammad Hashim အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် မိုးကောင်းကင်မှ သက်သေလက္ခဏာတော် တစ်ပါးကို ၎င်းတို့အပေါ်၌ ချပေးတော်မူမည်။ ထိုအခါ ၎င်းတို့၏ လည်တိုင်များသည် ယင်းသက်သေလက္ခဏာ၏ ရှေ့မှောက်ဝယ် ကိုင်းညွှတ်ရိုကျိုး လာကြပေမည်။ |
Hashim Tin Myint အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူလျှင် မိုးကောင်းကင်မှ သက်သေသာဓကတစ်ခုကို သူတို့အပေါ်တွင် ချပေးလိုက်တော်မူမည်ဖြစ်သည်။ ထို့နောက် သူတို့၏လည်တိုင်များသည် ထိုသက်သေသာဓက၏ရှေ့၌ ယိမ်းညွတ်လာကြမည်ဖြစ်သည်။ |