×

ထိုအခါ (တမန်တော်) စုလိုင်မာန်သည် (အရှင့်မြတ်သူ့အား ဂုဏ်သိက္ခာချီးမြှင့်ခြင်းအပေါ် တင်းတိမ်ရောင့်ရဲမှုနှင့်ရိုကျိုးမှုကို ပြသ၍) ထိုပရွက်ဆိတ်မ၏စကားကြောင့် ပြုံးခဲ့လေ၏။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်ထံ) “အို၊ 27:19 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:19) ayat 19 in Burmese

27:19 Surah An-Naml ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 19 - النَّمل - Page - Juz 19

﴿فَتَبَسَّمَ ضَاحِكٗا مِّن قَوۡلِهَا وَقَالَ رَبِّ أَوۡزِعۡنِيٓ أَنۡ أَشۡكُرَ نِعۡمَتَكَ ٱلَّتِيٓ أَنۡعَمۡتَ عَلَيَّ وَعَلَىٰ وَٰلِدَيَّ وَأَنۡ أَعۡمَلَ صَٰلِحٗا تَرۡضَىٰهُ وَأَدۡخِلۡنِي بِرَحۡمَتِكَ فِي عِبَادِكَ ٱلصَّٰلِحِينَ ﴾
[النَّمل: 19]

ထိုအခါ (တမန်တော်) စုလိုင်မာန်သည် (အရှင့်မြတ်သူ့အား ဂုဏ်သိက္ခာချီးမြှင့်ခြင်းအပေါ် တင်းတိမ်ရောင့်ရဲမှုနှင့်ရိုကျိုးမှုကို ပြသ၍) ထိုပရွက်ဆိတ်မ၏စကားကြောင့် ပြုံးခဲ့လေ၏။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်ထံ) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန် တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူ သော ကျေးဇူးတော်များ၊ ဂုဏ်သိက္ခာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်အား ကျေးဇူးသိတတ်ရန်နှင့်အရှင်မြတ် သဘော တူနှစ်သက်တော်မူသော ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံမှုများကို ဆောက်တည်နိုင်ရန်အလို့ငှာ စွမ်းရည် ဩဇာအာဏာများ တိုးမြှင့် ချီးမြှင့်ပေသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်ကရုဏာတော်ဖြင့် အရှင်မြတ်၏ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသည့် အစေခံများစားရင်းတွင် ဝင် ရောက်ခွင့်ပေး၍ စာရင်းထဲထည့်သွင်း စေတော်မူပါ။”ဟု လျှောက်ထားပန်ကြားခဲ့လေ၏။

❮ Previous Next ❯

ترجمة: فتبسم ضاحكا من قولها وقال رب أوزعني أن أشكر نعمتك التي أنعمت, باللغة البورمية

﴿فتبسم ضاحكا من قولها وقال رب أوزعني أن أشكر نعمتك التي أنعمت﴾ [النَّمل: 19]

Ba Sein
၁၉။ ထိုသေးငယ်သော်သတ္တဝါတို့ဆိုစကားကို တမန်တော်သည် ကြားသိ၍ ပြံုးရယ်ပြီးလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့ပန်ထွာ၏၊ အို--အကျွနု်ပ်၏အရှင်သခင်၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏ မိဘနှစ်ပါးတို့အား ပေးသနားတော်မူသောကျေးဇူးတော်အား ချီးကျူးတတ်သည့်စိတ်ကို အကျွနု်ပ်အား ပေးသနားတော်မူပါအရှင်၊ နှစ်သက်တော်မူသောအရာတို့ကိုသာလျှင် ပြုလုပ်စေတော်မူပါ၊ အကျွနု်ပ်အား အရှင်၏အကျင့်သီလကောင်းမြတ် ဖြူစင်သောကျေးတော်မျိုးကျွန်တော်မျိုးတို့ဘောင်တွင် အပါအဝင်ဖြစ်စေတော်မူပါ။
Ghazi Mohammad Hashim
ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အိုကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးတို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူး သိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း အမြဲကျင့်မူ ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာတော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ဝင်ရောက်ပါဝင်စေတော်မူပါ။
Hashim Tin Myint
သို့ဖြစ်ရာ (တမန်‌တော်)စုလိုင်မာန်သည် ထိုသူ(ပုရွက်ဆိတ်)၏စကား‌ကြောင့် ပြုံးရယ်ခဲ့သည်။* ထို့ပြင် ၎င်းသည် (အရှင်မြတ်ထံ‌တော်တွင်)‌ပြောဆိုပန်ကြားခဲ့သည်။ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အ‌ပေါ်တွင်လည်း‌ကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးအ‌ပေါ်တွင်လည်း‌ကောင်း အရှင်မြတ်ပြု‌တော်မူ‌သော ‌ကျေးဇူး‌တော်နှင့်ပတ်သက်၍ ကျွန်ုပ်အား အမြဲ‌ကျေးဇူးသိတတ်‌စေသည့်အသိကို ထည့်‌ပေး‌တော်မူပါ။ ထို့ပြင် ကျွန်ုပ်အား အရှင်မြတ်နှစ်သက်‌တော်မူ‌သော ‌ကောင်းမြတ်သည့်လုပ်ရပ်ကိုလည်း အမြဲပြုလုပ် ‌ဆောက်တည်နိုင်စွမ်း ‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်၏ ကရုဏာ‌တော်နှင့် ‌ကောင်းမြတ်‌သောကျွန်များထဲတွင် ဝင်‌ရောက်ပါဝင်‌စေ‌တော်မူပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek