×

(တမန်တော်စုလိုင်မာန်နှင့်စနစ်တကျစုစည်းထားသောသူ့စစ်တပ်များဖြစ်သည့်) သူတို့သည် စစ်ချီလျက် ပုရွက်ဆိတ်များ၏တောင်ကြားပေါ်သို့ ရောက်သည်အထိ ချီတက်ရှိလေသော် ပုရွက်ဆိတ်ဘုရင်မက “အို၊ ပရွက်ဆိတ်အပေါင်းတို့၊ စုလိုင်မာန်နှင့်သူ့စစ်တပ်က သင်တို့အား သတိမမူဘဲ 27:18 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:18) ayat 18 in Burmese

27:18 Surah An-Naml ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 18 - النَّمل - Page - Juz 19

﴿حَتَّىٰٓ إِذَآ أَتَوۡاْ عَلَىٰ وَادِ ٱلنَّمۡلِ قَالَتۡ نَمۡلَةٞ يَٰٓأَيُّهَا ٱلنَّمۡلُ ٱدۡخُلُواْ مَسَٰكِنَكُمۡ لَا يَحۡطِمَنَّكُمۡ سُلَيۡمَٰنُ وَجُنُودُهُۥ وَهُمۡ لَا يَشۡعُرُونَ ﴾
[النَّمل: 18]

(တမန်တော်စုလိုင်မာန်နှင့်စနစ်တကျစုစည်းထားသောသူ့စစ်တပ်များဖြစ်သည့်) သူတို့သည် စစ်ချီလျက် ပုရွက်ဆိတ်များ၏တောင်ကြားပေါ်သို့ ရောက်သည်အထိ ချီတက်ရှိလေသော် ပုရွက်ဆိတ်ဘုရင်မက “အို၊ ပရွက်ဆိတ်အပေါင်းတို့၊ စုလိုင်မာန်နှင့်သူ့စစ်တပ်က သင်တို့အား သတိမမူဘဲ (မတော်တဆ) ဖိကြိတ်တက်နင်းချေမှုန်း ခြင်းကို မခံမိကြရန် သင်တို့သည် သင်တို့နေထိုင်ရာနေရာများအတွင်းသို့ ဝင်ရောက်ကြလော့။” ဟု (ဟစ်အော်) ပြောကြားခဲ့လေ၏။

❮ Previous Next ❯

ترجمة: حتى إذا أتوا على وادي النمل قالت نملة ياأيها النمل ادخلوا مساكنكم, باللغة البورمية

﴿حتى إذا أتوا على وادي النمل قالت نملة ياأيها النمل ادخلوا مساكنكم﴾ [النَّمل: 18]

Ba Sein
၁၈။ တစ်နေ့သ၌တမန်တော်သည် ပုရွက်ဆိတ်တောသို့ ဆိုက်ရောက်လာသောအခါ ပုရွက်ဆိတ်တစ်ကောင်က မိမိအသင်းသားများကို အို--ပုရွက်ဆိတ်အပေါင်းတို့၊ သင်တို့သည် မိမိတို့နေရာတွင်းသို့ လျင်မြန်စွာဝင်ကြလော့၊ သို့မှသာလျှင်တမန်တော်စိုလိုင်မာန်နှင့် သူ၏ စစ်တပ်တို့သည် သင်တို့ကို မမြင်ပဲ မတော်တဆမှုန့်မှုန့်ညက်ညက် ကြေအောင် နင်းမသွားနိုင်ဖြစ်ချေမည်။
Ghazi Mohammad Hashim
နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေတို့သည် ပုရွက်ဆိတ်များရှိကြသော ချောင်းလျှိုရိုးသို့ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင်က အို-ပရွက်ဆိတ် အပေါင်းတို့၊စုလိုင်မာန်နှင့်တကွ ထို စုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင်တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်းမပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ဝင်ရောက်လေကုန်ဟု (ဟစ်အော်)ပြောကြားခဲ့လေ၏။
Hashim Tin Myint
‌နောက်ဆုံးတွင် အကြင်အခါ ထိုစစ်တပ်ကြီးသည် ပုရွက်ဆိတ်များရှိ‌သော လျှို‌မြောင်‌ချောင်းရိုးကို ‌ရောက်‌သောအခါ ပုရွက်ဆိတ်တစ်‌ကောင်က အို- ပုရွက်ဆိတ်အ‌ပေါင်းတို့၊ (တမန်‌တော်)စုလိုင်မာန်နှင့်တကွ ၎င်း၏စစ်တပ်များသည် အသင်တို့ကို မသိမမြင်ကြဘဲလျက် (မ‌တော်တဆ)တက်နင်း ‌ချေမှုန်းမပစ်မိကြရန်အတွက် အသင်တို့သည် တွင်းများထဲသို့ဝင်‌ရောက်ကြပါဟု ‌ပြောဆိုခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek