×

(ပြန်လည်သတိရလော့။ သဲကန္တာရ၌ သူ့မိသားစုနှင့်အတူ ခရီးသွားခဲ့စဉ် မီးမြင်၍) တမန်တော်မူဆာ သည် သူ့မိသားစုအား “ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို မြင်တွေ့ရာ 27:7 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:7) ayat 7 in Burmese

27:7 Surah An-Naml ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 7 - النَّمل - Page - Juz 19

﴿إِذۡ قَالَ مُوسَىٰ لِأَهۡلِهِۦٓ إِنِّيٓ ءَانَسۡتُ نَارٗا سَـَٔاتِيكُم مِّنۡهَا بِخَبَرٍ أَوۡ ءَاتِيكُم بِشِهَابٖ قَبَسٖ لَّعَلَّكُمۡ تَصۡطَلُونَ ﴾
[النَّمل: 7]

(ပြန်လည်သတိရလော့။ သဲကန္တာရ၌ သူ့မိသားစုနှင့်အတူ ခရီးသွားခဲ့စဉ် မီးမြင်၍) တမန်တော်မူဆာ သည် သူ့မိသားစုအား “ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို မြင်တွေ့ရာ ယခုပင် ကျွန်ုပ်သည် သင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည် သို့တည်းမဟုတ် ကျွန်ုပ်သည် သင်တို့ထံ နွေးထွေးမှုအတွက် မီးလှုံနိုင်ကြအံ့သောငှာ မီကျီးမီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့် ညှိ၍) သင်တို့ထံ ဆောင်ကြဉ်းလိမ့်မည်။” ဟု ပြောခဲ့စဉ်။

❮ Previous Next ❯

ترجمة: إذ قال موسى لأهله إني آنست نارا سآتيكم منها بخبر أو آتيكم, باللغة البورمية

﴿إذ قال موسى لأهله إني آنست نارا سآتيكم منها بخبر أو آتيكم﴾ [النَّمل: 7]

Ba Sein
၇။ မှတ်သားကြလော့၊ တမန်တော်မူစာသည် မိမိအိမ်သူအိမ်သားတို့အား ကြည့်ရှုကြလော့၊ ဟိုအဝေးတွင် ငါသည် မီးကို မြင်ရ၏၊ ထိုမီးရှိရာမှ တစ်စုံတစ်ခုသောသတင်းဖြစ်စေ၊ သို့မဟုတ်သင်တို့မီးလှုံဖို့ရာ မီးကူးယူလာခဲ့မည်ဟု ပြော၏။
Ghazi Mohammad Hashim
(ပြန်လည်သတိရရှိပါလေ)။ တစ်ရံရောအခါဝယ် မူစာသည် မိမိအိမ်သူအိမ်သားများအား ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် မီးတစ်ခုကို မြင်တွေ့လေပြီ။ယခုပင် ငါသည် အသင်တို့ထံ ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ရာကို ယူခဲ့မည်။ သို့တည်းမဟုတ် ငါသည် အသင်တို့ထံ မီးလှုံနိုင်ကြအံ့သောငှာ မီးတောက်တစ်ခုကို (ထင်း သို့မဟုတ် အခြားတစ်စုံတစ်ရာဖြင့်)ညှိ၍ အသင်တို့ထံ ဆောင်ကြဉ်းခဲ့ပေမည်။
Hashim Tin Myint
တစ်ခါက (တမန်‌တော်)မူစာသည် ၎င်း၏အိမ်သူအိမ်သားများအား ‌ပြောခဲ့သည်။ အမှန်စင်စစ် ငါသည် မီးတစ်ခုကို မြင်ရသည်။ ငါသည် မကြာမီ အသင်တို့ထံသို့ မီးရှိရာမှ သတင်းတစ်စုံတစ်ခု ယူလာမည်။ သို့မဟုတ် ငါသည် အသင်တို့ထံသို့ အ‌နွေးဓာတ်ရ‌အောင် မီးလှုံနိုင်ကြရန်အတွက် မီး‌တောက်တစ်ခုကူးပြီး အသင်တို့ထံသို့ ယူ‌ဆောင်လာခဲ့မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek