×

ထို့နောက် (တမန်တော်) မူဆာသည် ယင်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊ “(အို၊ မူဆာ)၊ မီးအနား၌ ရှိသူတို့သည်လည်းကောင်း၊ ယင်းမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည် လည်းကောင်း၊ 27:8 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:8) ayat 8 in Burmese

27:8 Surah An-Naml ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 8 - النَّمل - Page - Juz 19

﴿فَلَمَّا جَآءَهَا نُودِيَ أَنۢ بُورِكَ مَن فِي ٱلنَّارِ وَمَنۡ حَوۡلَهَا وَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَٰلَمِينَ ﴾
[النَّمل: 8]

ထို့နောက် (တမန်တော်) မူဆာသည် ယင်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊ “(အို၊ မူဆာ)၊ မီးအနား၌ ရှိသူတို့သည်လည်းကောင်း၊ ယင်းမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည် လည်းကောင်း၊ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေတော်မူပြီး စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော် မူသော အလ္လဟ်အရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင် တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူ၏။” ဟု အသံပေး ဖိတ်မန္တက ပြုခြင်းခံရ လေ၏။

❮ Previous Next ❯

ترجمة: فلما جاءها نودي أن بورك من في النار ومن حولها وسبحان الله, باللغة البورمية

﴿فلما جاءها نودي أن بورك من في النار ومن حولها وسبحان الله﴾ [النَّمل: 8]

Ba Sein
၈။ သို့သော်ထိုမီးရှို့ရာသို့ ရောက်သွားသောအခါ သူသည် ခေါ်သံကြားရ၏။ ထိုအသံက သူ့အား ဤသို့ပြောပြ၏၊ အို--မူစာ၊ မီးအတွင်း၌ရှိသောသူ၊ မီးပတ်ဝန်းကျင်၌ ရှိသောသူသည် ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံတော်မူ၏၊ အနန္တစကြာဝဠာများ၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းမှ ကင်းသောအနန္တဂုဏ်တော် ရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထို့နောက် ထိုမူစာသည် ၎င်းမီးရှိရာသို့ ရောက်ရှိခဲ့လေသော်၊(အို-မူစာ)၊ မီး၌ ရှိသူတို့သည် လည်းကောင်း။ ထိုမီး၏ပတ်ဝန်းကျင်၌ ရှိသူတို့သည်လည်းကောင်း၊ ဗရ်ကသ်ကျက်သရေမင်္ဂလာကို ရရှိကြစေသော်ဝ်။ စင်စစ် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါပေသည်တကားဟူ၍ အသံပေးခြင်းကို ခံခဲ့ရလေသည်။
Hashim Tin Myint
ထို့‌နောက် ၎င်းသည် ထိုမီးရှိရာသို့‌ရောက်‌သောအခါ (ဤသို့ အသံ‌ပေးခြင်းခံခဲ့ရသည်)၊ “မီးတွင်ရှိသည့်သူနှင့် မီးပတ်ဝန်းကျင်တွင် ရှိ‌သောသူများသည်* ဗရကသ်မဂင်္လာကို ရရှိကြပါ‌စေ“၊ “ထို့ပြင် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူပါသည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek