Quran with Burmese translation - Surah An-Naml ayat 83 - النَّمل - Page - Juz 20
﴿وَيَوۡمَ نَحۡشُرُ مِن كُلِّ أُمَّةٖ فَوۡجٗا مِّمَّن يُكَذِّبُ بِـَٔايَٰتِنَا فَهُمۡ يُوزَعُونَ ﴾
[النَّمل: 83]
﴿ويوم نحشر من كل أمة فوجا ممن يكذب بآياتنا فهم يوزعون﴾ [النَّمل: 83]
Ba Sein ၈၃။ အို-တမန်တော်၊ လူမျိုးတိုင်းလူမျိုးတိုင်းမှ ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်သောသူတို့ကို ငါသည် စုရုံး၍ စီတန်းထားမည့်နေ့တော်ကြီးအကြောင်းကို သူတို့အား သင်သတိပေးလော့။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အကြင်နေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးတို့အနက် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့အား တစ်အုပ်စုစီကို စုရုံးစေတော်မူမည်။ တစ်ဖန် ၎င်းတို့သည် စီတန်းရပ်စေခြင်းကို ခံကြရပေမည်။ |
Hashim Tin Myint ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးထဲမှ ငါအရှင်မြတ်၏အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည့်သူများအား တစ်အုပ်စုစီ စုရုံးစေတော်မူမည်။ ထို့ပြင် သူတို့သည် တန်းစီရပ်စေခြင်းကို ခံကြရမည်။ |