Quran with Burmese translation - Surah An-Naml ayat 84 - النَّمل - Page - Juz 20
﴿حَتَّىٰٓ إِذَا جَآءُو قَالَ أَكَذَّبۡتُم بِـَٔايَٰتِي وَلَمۡ تُحِيطُواْ بِهَا عِلۡمًا أَمَّاذَا كُنتُمۡ تَعۡمَلُونَ ﴾
[النَّمل: 84]
﴿حتى إذا جاءوا قال أكذبتم بآياتي ولم تحيطوا بها علما أماذا كنتم﴾ [النَّمل: 84]
Ba Sein ၈၄။ ထိုသူတို့သည် မိမိတို့၏အရှင်သခင်၏ ရှေ့တော်မှောက်သို့ ရောက်ရှိသောအခါ အရှင်မြတ်သည် သူတို့အား သင်တို့သည် ငါ၏ကျမ်းမြတ်ကုရ်အာန်ကို ကျနသေသပ်စွာနားမလည်ပဲလျက် ကျမ်းတော်ကို မယုံကြည်ဖယ်ရှားခဲ့ ကြသလော၊ သို့မဟုတ်သင်တို့သည် အဘယ်အရာကို ပြုခဲ့ကြသနည်းဟု မေးမြန်းတော်မူလတ့ံ။ |
Ghazi Mohammad Hashim နောက်ဆုံးတွင် ၎င်းတို့သည်(အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်သို့) ရောက်ရှိ၍ လာခဲ့ကြသောအခါ ထိုအရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မိမိတို့အသိပညာအားဖြင့် ယင်းအာယတ်တော်များ ဝန်းခြုံခြင်းမရှိကြသေးမီပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြလေသလော။ သို့တည်းမဟုတ် အသင်တို့သည် မည်သည်တို့ကို ပြုလုပ်လျက်ရှိခဲ့ကြသနည်းဟု မိန့်ကြားတော်မူပေမည်။ |
Hashim Tin Myint နောက်ဆုံးတွင် သူတို့သည် (အရှင်မြတ်ထံတော်)ရောက်ရှိလာခဲ့ကြသည့်အခါ အရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏အာယသ်တော်များကို အသင်တို့ အသိပညာနှင့် ဝန်းခြုံသိရှိခြင်းမရှိသေးမီ၌ပင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသလော။ သို့မဟုတ် အသင်တို့သည် မည်သည့်အရာများကို ပြုလုပ်နေခဲ့ကြသနည်းဟု မိန့်ကြားတော်မူမည်။ |