×

(တမန်တော်) မူဆာက (အလ္လာဟ်အရှင်မြတ်ထံတော်) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ 28:16 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:16) ayat 16 in Burmese

28:16 Surah Al-Qasas ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 16 - القَصَص - Page - Juz 20

﴿قَالَ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي فَٱغۡفِرۡ لِي فَغَفَرَ لَهُۥٓۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ﴾
[القَصَص: 16]

(တမန်တော်) မူဆာက (အလ္လာဟ်အရှင်မြတ်ထံတော်) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ် ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ မိမိကိုယ်ကို မဟုတ်မတရား မမှန်မကန် ပြုလုပ်မိပါ၏။ သို့ဖြစ်၍ ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။” ဟု လျှောက်ထားပန် ကြားခဲ့ရာ ထိုအရှင် မြတ်သည် သူ့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့၏။ မုချဧကန် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မ တော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قال رب إني ظلمت نفسي فاغفر لي فغفر له إنه هو الغفور, باللغة البورمية

﴿قال رب إني ظلمت نفسي فاغفر لي فغفر له إنه هو الغفور﴾ [القَصَص: 16]

Ba Sein
၁၆။ မူစာသည် အို-အကျွနု်ပ်၏အရှင်သခင်၊ အကျွန်ုပ်သည် မိမိဝိညာဉ်ကို မိမိပြစ်မှားမိပါပြီ၊ အကျွနု်ပ်ကို အပြစ် လွှတ်တော်မူပါဟု ဆုတောင်း၏၊ ထိုအခါအရှင်မြတ်သည် သူ့ကို အပြစ်လွှတ်တော်မူ၏၊ မှတ်သားလော့၊ အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထိုမူစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်တွင်) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိကိုယ်ကို မိမိနှိပ်စက်မိပါပြီ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါဟု လျှောက်ထားပန်ကြားခဲ့ရာ ထိုအရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့ပေသည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင်လျှင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အလွန်တရာ ကြင်နာသနား ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
Hashim Tin Myint
၎င်းက (အရှင်မြတ်ထံ‌တော်တွင်) အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် မိမိကိုယ်မိမိ နှိပ်စက်မိပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်မသည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူပါဟု ‌ပြောဆို‌လျှောက်ထားခဲ့သည့်အတွက် အရှင်မြတ်က ၎င်းအား ခွင့်လွှတ်ချမ်းသာ‌ပေးသနား‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek