×

ထို့ပြင် (တမန်တော်) မူဆာသည် (တစ်နေ့တွင် သူနေထိုင်ရာ နန်းတော်မှ ထွက်၍) မြို့တွင်းသို့ ထိုမြို့သူ မြို့သားတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်တွင် 28:15 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:15) ayat 15 in Burmese

28:15 Surah Al-Qasas ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 15 - القَصَص - Page - Juz 20

﴿وَدَخَلَ ٱلۡمَدِينَةَ عَلَىٰ حِينِ غَفۡلَةٖ مِّنۡ أَهۡلِهَا فَوَجَدَ فِيهَا رَجُلَيۡنِ يَقۡتَتِلَانِ هَٰذَا مِن شِيعَتِهِۦ وَهَٰذَا مِنۡ عَدُوِّهِۦۖ فَٱسۡتَغَٰثَهُ ٱلَّذِي مِن شِيعَتِهِۦ عَلَى ٱلَّذِي مِنۡ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيۡهِۖ قَالَ هَٰذَا مِنۡ عَمَلِ ٱلشَّيۡطَٰنِۖ إِنَّهُۥ عَدُوّٞ مُّضِلّٞ مُّبِينٞ ﴾
[القَصَص: 15]

ထို့ပြင် (တမန်တော်) မူဆာသည် (တစ်နေ့တွင် သူနေထိုင်ရာ နန်းတော်မှ ထွက်၍) မြို့တွင်းသို့ ထိုမြို့သူ မြို့သားတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်တွင် ဝင်ရောက်ခဲ့ရာ မြို့တွင်း၌ ဤသည် သူ့ (မျိုးနွယ်ဖြစ်သော အစ္စ ရေး) အုပ်စုမှဖြစ်ပြီး ဤသည် သူ့ရန်သူအုပ်စုမှ ဖြစ်ကြောင်းကို သိသာနေသော ပုဂ္ဂိုလ်နှစ်ဦး စကားများရန်ဖြစ် နေကြသည်ကို တွေ့ရှိလေ၏။ ထိုစဉ် (သူတို့နှစ်ဦးအနက်) သူ့အုပ်စုမှ ဖြစ်သူက သူ့ရန်သူအုပ်စုဖြစ်သော သူနှင့် ဆန့်ကျင်၍ သူ့ထံ အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့၏။ သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် သူ့ရန်သူအုပ်စုမှ ဖြစ်သောသူအား (သေစေလိုသော ရည်ရွယ်ချက် မပါဘဲ) လက်သီးဖြင့် ထိုးခဲ့ရာ (သူသေဆုံးရန် ပြဌာန်းထားသော အချိန်ရောက်သောကြောင့်) သူ့အား အဆုံးစီရင်ရာရောက်သွားလေ၏။ ထိုအခါ တမန်တော် မူဆာက “ဤသည် စေတန်မကောင်းဆိုးဝါး၏အပြုအမူများအနက်မှပင် ဖြစ်၏။ ဧကန်ပင်၊ ထိုစေတန်မကောင်း ဆိုးဝါးသည် ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင် ဖြစ်၏။” ဟု ပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: ودخل المدينة على حين غفلة من أهلها فوجد فيها رجلين يقتتلان هذا, باللغة البورمية

﴿ودخل المدينة على حين غفلة من أهلها فوجد فيها رجلين يقتتلان هذا﴾ [القَصَص: 15]

Ba Sein
၁၅။ ထို့အပြင်မူစာသည် မြို့သူမြို့သားတို့သတိလစ်နေကြသောအခါ မြို့တွင်းသို့ အမှတ်မဲ့ဝင်လာရာ အချင်းဖြစ်ပွား စကားများနေသူနှစ်ယောက်ကို တွေ့၏၊ ထိုနှစ်ယောက်အနက် တစ်ယောက်ကား မူစာ၏အမျိုးသားထဲမှဖြစ်၏၊ ကျန်တစ်ယောက်ကား မိမိ၏ ရန်သူအမျိုးသားထဲမှာ ဖြစ်၏၊ သူ၏အမျိုးသားက မူစာအား သူ၏ရန်သူအမျိုးသား မှ ကယ်တင်ရန် တောင်းပန်၏၊ ထို့ကြောင့်မူစာသည် ရန်သူအမျိုးသားကို လက်သီးနှင့်ထိုး၍ သတ်ပစ်လေ၏၊ ထိုအခါသူက ဤလူသတ်မှုသည် ရှိုင်တန်မာရ်နတ်၏အလုပ်တည်း၊ ရှိုင်တန်သည် ရန်သူအမှန်ဖြစ်၏၊ အမှားသို့ သာ သွေးဆောင်ပြသူဖြစ်၏ဟု ညည်းညူ၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော လူနှစ်ယောက်အား တွေ့ရှိခဲ့ပေသည်။ (ထိုနှစ်ယောက်အနက်) ဤသူတစ်ယောက်မှာ ထိုမူစာ၏အုပ်စုထဲမှဖြစ်ပြီး၊ အခြားတစ်ယောက်မှာကား ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်ခဲ့ပေသည်။ သို့ဖြစ်ပေရာ ထိုမူစာ၏အုပ်စုမှဖြစ်သောသူက ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်သောသူနှင့်ဆန့်ကျင်၍ အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။ ထိုအခါ မူစာသည် ၎င်းရန်သူအုပ်စုမှ ဖြစ်သောသူအား လက်သီးဖြင့်ထိုးပြီး ၎င်းအား အဆုံးစီရင်လိုက်လေသည်။ ထိုမူစာက ဤသည် ရှိုင်တွာန်မိစ္ဆာ အပြုအမူပင်ဖြစ်သည်။ ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်မှာ ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
Hashim Tin Myint
ထို့ပြင် ၎င်းသည် မြို့ထဲသို့ သူတို့အမှတ်မထင်ဖြစ်‌နေသည့်အချိန်* ဝင်‌ရောက်ခဲ့သည့်အခါ ထိုမြို့ထဲတွင် စကားများရန်ဖြစ်‌နေကြ‌သော လူနှစ်ဦးကို ‌တွေ့ခဲ့ရသည်။ (ထိုအထဲမှ)ဤတစ်‌ယောက်သည် ၎င်း၏အုပ်စုထဲမှဖြစ်ပြီး အခြားတစ်‌ယောက်ကမူ ၎င်း၏ရန်သူများထဲမှ ဖြစ်ခဲ့သည်။ ထို့ပြင် ၎င်း၏အုပ်စုထဲမှသူက ၎င်း၏ရန်သူအုပ်စုထဲမှသူနှင့် ဆန့်ကျင်ပြီး အကူအညီ အတင်းအကျပ်‌တောင်းခံခဲ့သည်။ သို့ဖြစ်ရာ မူစာသည် (၎င်း၏ရန်သူအုပ်စုမှဖြစ်သည့်)သူကို လက်သီးနှင့်ထိုးလိုက်သည်။ သို့ဖြစ်ရာ ထိုသူသည် ‌သေဆုံးသွားခဲ့သည်။ ၎င်း(မူစာ)က ဤသည် ရှိုင်သွာန်၏လုပ်ရပ်*ပင်ဖြစ်သည်။ အမှန်စင်စစ် ထိုရှိုင်သွာန်သည် ထင်ရှားစွာ လမ်းလွဲ‌စေ‌သော ရန်သူပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek