×

ခမည်းတော်က “ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံ (လနှင့်တွက်ချက်သည့်နှစ်) ရှစ်နှစ် အမှုထမ်းရမည့် စည်းကမ်းချက်အပေါ်၌ အသင့်အား ကျွန်ုပ်၏သမီးနှစ်ဦးအနက် တစ်ဦးနှင့်ထိမ်းမြား ပေးစေရန် 28:27 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:27) ayat 27 in Burmese

28:27 Surah Al-Qasas ayat 27 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 27 - القَصَص - Page - Juz 20

﴿قَالَ إِنِّيٓ أُرِيدُ أَنۡ أُنكِحَكَ إِحۡدَى ٱبۡنَتَيَّ هَٰتَيۡنِ عَلَىٰٓ أَن تَأۡجُرَنِي ثَمَٰنِيَ حِجَجٖۖ فَإِنۡ أَتۡمَمۡتَ عَشۡرٗا فَمِنۡ عِندِكَۖ وَمَآ أُرِيدُ أَنۡ أَشُقَّ عَلَيۡكَۚ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰلِحِينَ ﴾
[القَصَص: 27]

ခမည်းတော်က “ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံ (လနှင့်တွက်ချက်သည့်နှစ်) ရှစ်နှစ် အမှုထမ်းရမည့် စည်းကမ်းချက်အပေါ်၌ အသင့်အား ကျွန်ုပ်၏သမီးနှစ်ဦးအနက် တစ်ဦးနှင့်ထိမ်းမြား ပေးစေရန် လိုလား ၏။ သို့ရာတွင် အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့လျှင် (အသင့်ဘက်မှကျေးဇူးပြုရာရောက်ပြီး) အသင့်သဘောသာ ဖြစ်၏။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ခက်ခဲကျပ်တည်းစေရန် လိုလားသည် မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခဲ့ပါ လျှင် မကြာမီပင် အသင်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်သော ပြု မူကျင့်ကြံမှုများ ပြုပြင်ပြောင်းလဲသူများ အနက်မှ တွေ့ရလိမ့်မည်။” ဟု ပြောကြားခဲ့လေ၏။

❮ Previous Next ❯

ترجمة: قال إني أريد أن أنكحك إحدى ابنتي هاتين على أن تأجرني ثماني, باللغة البورمية

﴿قال إني أريد أن أنكحك إحدى ابنتي هاتين على أن تأجرني ثماني﴾ [القَصَص: 27]

Ba Sein
၂၇။ အဘဖြစ်သူက အမောင်လုလင်၊ သင်သည် ငါ့ထံတွင် စာရင်းငှား(၈)နှစ်လုံးလုံးလုပ်ရန် သဘောတူလျှင် ငါသည် အမောင်အား ငါ့သမီးနှစ်ယောက်အနက် တစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ပေးရန် အကြံရှိ၏၊ အကယ်၍အမောင်သည် (၁ဝ)နှစ်ပြည့်အောင်လုပ်လျှင် အမောင်၏ကျေးဇူးပင်တည်း၊ သို့သော်ငါသည် အမောင် အပေါ်၌ ကျပ်တည်းစွာပြုလုပ်လိုသောဆန္ဒမရှိပါ၊ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အမောင်သည် ငါ့အား သူမြတ်တို့ဘောင်တွင် ပါဝင်သူဖြစ်ကြောင်းတွေ့ရပါလိမ့်မည်ဟု ပြော၏။
Ghazi Mohammad Hashim
ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။
Hashim Tin Myint
သူ(ဖခင်)က ‌ပြောဆိုသည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ကျွန်ုပ်၏သမီးနှစ်‌ယောက်ထဲမှ တစ်‌ယောက်နှင့် အသင်သည် ကျွန်ုပ်ထံတွင် ရှစ်နှစ်အလုပ်လုပ်‌ပေးရန် စည်းကမ်းချက်ဖြင့် ထိမ်းမြား‌ပေးရန် ရည်ရွယ်သည်။ ထို့ပြင် အသင်သည် ဆယ်နှစ်ပြည့်‌အောင်လုပ်ခဲ့လျှင် အသင့်ဘက်မှ(‌ကျေးဇူး)ပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်သည် အသင်၏အ‌ပေါ်တွင် ကျပ်တည်း‌စေရန် မလိုလား‌ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် မကြာမီ အသင်သည် ကျွန်ုပ်ကို ‌ကောင်းမြတ်သူတစ်ဦးအဖြစ် ‌တွေ့ရှိရပါလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek