×

စင်စစ် ကျွန်ုပ်၏နောင်တော် ဟာရူန်မှာမူကား၊ သူသည် ကျွန်ုပ်ထက် နှုတ်လျှာသွက်လက်၍ စကားပြော ကောင်းသူတစ်ဦး ဖြစ်လေရာ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်အား ဖြောင့်မတ်စွာထောက်ခံမည့် 28:34 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:34) ayat 34 in Burmese

28:34 Surah Al-Qasas ayat 34 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 34 - القَصَص - Page - Juz 20

﴿وَأَخِي هَٰرُونُ هُوَ أَفۡصَحُ مِنِّي لِسَانٗا فَأَرۡسِلۡهُ مَعِيَ رِدۡءٗا يُصَدِّقُنِيٓۖ إِنِّيٓ أَخَافُ أَن يُكَذِّبُونِ ﴾
[القَصَص: 34]

စင်စစ် ကျွန်ုပ်၏နောင်တော် ဟာရူန်မှာမူကား၊ သူသည် ကျွန်ုပ်ထက် နှုတ်လျှာသွက်လက်၍ စကားပြော ကောင်းသူတစ်ဦး ဖြစ်လေရာ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်အား ဖြောင့်မတ်စွာထောက်ခံမည့် ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ၊ ကျွန်ုပ်သည် သူတို့က ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ် ကြမည်ကို စိုးရိမ်မိပါ၏။

❮ Previous Next ❯

ترجمة: وأخي هارون هو أفصح مني لسانا فأرسله معي ردءا يصدقني إني أخاف, باللغة البورمية

﴿وأخي هارون هو أفصح مني لسانا فأرسله معي ردءا يصدقني إني أخاف﴾ [القَصَص: 34]

Ba Sein
၃၄။ အကျွနု်ပ်၏အစ်ကိုဟာရွန်သည် အကျွနု်ပ်ထက် စကားပြောကောင်းပါသည်၊ ထို့ကြောင့်အကျွနု်ပ်ကို ကူညီဖို့ရာ သူ့အား အကျွနု်ပ်နှင့်အတူတကွထည့်တော်မူပါ၊ သူတို့သည် အကျွနု်ပ်အား မုသားသမားဟု စွပ်စွဲမည်ကို အကျွနု်ပ်အမှန်ပင်ကြောက်လှပါ၏ဟု လျှောက်၏။
Ghazi Mohammad Hashim
စင်စစ် ကျွန်တော်မျိုး၏နောင်တော် ဟာရူန်မှာမူကား၊ ၎င်းမှာ စကားပြောဆိုရာ၌ ကျွန်တော်မျိုး ထက်ပို၍ပင် စကားပီသ အာစလျှာစကောင်းသူ ဖြစ်ပါ၏။ အရှင်မြတ်သည် ထိုနောင်တော်အားလည်း ကျွန်တော်မျိုးနှင့်အတူ ကျွန်တော်မျိုးအား ထောက်ခံ(ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိအား ၎င်းတို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
Hashim Tin Myint
ထို့ပြင် ကျွန်ုပ်အစ်ကို ဟာရူန်ကမူ စကား‌ပြောဆိုရာတွင် ကျွန်ုပ်ထက်ပို၍ စကားကြွယ်သည့်သူဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်၏အစ်ကိုကိုလည်း ကျွန်ုပ်နှင့်အတူ ကျွန်ုပ်ကို‌ထောက်ခံ(‌ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် ‌စေလွှတ်‌တော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်အား သူတို့က မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek