Quran with Burmese translation - Surah Al-Qasas ayat 44 - القَصَص - Page - Juz 20
﴿وَمَا كُنتَ بِجَانِبِ ٱلۡغَرۡبِيِّ إِذۡ قَضَيۡنَآ إِلَىٰ مُوسَى ٱلۡأَمۡرَ وَمَا كُنتَ مِنَ ٱلشَّٰهِدِينَ ﴾
[القَصَص: 44]
﴿وما كنت بجانب الغربي إذ قضينا إلى موسى الأمر وما كنت من﴾ [القَصَص: 44]
Ba Sein ၄၄။ အို--မိုဟမ္မဒ်၊ ငါသည် တမန်တော်မူစာအား ပညတ်ဗျာဒိတ်တော်ကို ရှင်းလင်းဖော်ပြတော်မူသောအခါ၌ တူစီနာတောင်၏ အနောက်ဘက်တွင် သင်မရှိချေ၊ ထိုအခါရှိသောသူတို့အထဲတွင် သင်မရှိချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား (အို-တမန်တော်၊) ငါအရှင်မြတ်သည် မူစာ၏ထံသို့ အမိန့်တော်(များ)ကို ထုတ်ပြန်တော်မူခဲ့စဉ်အခါ၌ အသင်သည် (တောင်၏) အနောက်ဘက်အရပ်၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ ထိုနည်းတူစွာ အသင်သည် ကြည့်ရှုသောသူတို့တွင် အပါအဝင် ဖြစ်ခဲ့သည်လည်း မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)မူစာထံသို့ အမိန့်တော်ပို့ချတော်မူခဲ့စဉ်က အသင်(တမန်တော်မုဟမ္မဒ်-ဆွ)သည် အနောက်ဘက်အရပ်တွင် ရှိခဲ့သည်လည်းမဟုတ်ပေ။ ထို့ပြင် အသင်(တမန်တော်)သည် ကြည့်ရှုသူများထဲတွင် ပါဝင်ခဲ့သည်လည်း မဟုတ်ပေ။ |