Quran with Burmese translation - Surah Al-Qasas ayat 45 - القَصَص - Page - Juz 20
﴿وَلَٰكِنَّآ أَنشَأۡنَا قُرُونٗا فَتَطَاوَلَ عَلَيۡهِمُ ٱلۡعُمُرُۚ وَمَا كُنتَ ثَاوِيٗا فِيٓ أَهۡلِ مَدۡيَنَ تَتۡلُواْ عَلَيۡهِمۡ ءَايَٰتِنَا وَلَٰكِنَّا كُنَّا مُرۡسِلِينَ ﴾
[القَصَص: 45]
﴿ولكنا أنشأنا قرونا فتطاول عليهم العمر وما كنت ثاويا في أهل مدين﴾ [القَصَص: 45]
Ba Sein ၄၅။ သို့သော်ငါသည် လူသားအဆက်ဆက်ကို ဖန်ဆင်းတော်မူ၏၊ သူတို့သည် အသက်ရှည်စွာရှင်နေကြကုန်ရကုန်၏၊ ထို့အပြင်သင်တမန်တော်သည် မဒယန်မြို့သူမြို့သားတို့အား ငါ၏ဗျာဒိတ်တော်ကို ရွတ်ဖတ်ပြောဟော၍ သူတို့နှင့် အတူတကွနေခဲ့သူမဟုတ်ချေ၊ သို့သော်ငါသည် လူသားတို့ထံ တမန်တော်များကို ဆက်လက်၍ စေလွှတ် တော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို ပေါက်ပွားစေတော်မူခဲ့၏။ ၎င်းတို့အပေါ်၌ နှစ်ပရိစ္ဆေဒလည်း ကြာညောင်းခဲ့၏။ ထိုမှတစ်ပါး(အို-တမန်တော်၊) အသင်သည် မဒ်ယန်မြို့သားတို့တွင် နေထိုင်ကာ ၎င်းတို့ရှေ့ဝယ် ငါ အရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားလျက် ရှိခဲ့ဖူးသည်လည်း မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်။ |
Hashim Tin Myint သို့ရာတွင် ငါအရှင်မြတ်သည် မျိုးဆက်အမြောက်အမြားကို ပေါက်ဖွားစေတော်မူခဲ့သည်။ သူတို့အပေါ်တွင်လည်း သက်တမ်းနှစ်များ(များစွာ)ကြာညောင်း(နေထိုင်စေ)ခဲ့သည်။ ထို့ပြင် အသင်(တမန်တော်)သည် မဒ်ယန်မြို့သားများထဲတွင် နေထိုင်ပြီး သူတို့ရှေ့၌ ငါအရှင်မြတ်၏အာယသ်တော်များကို ဖတ်ကြားနေခဲ့ဖူးသည်လည်း မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား တမန်တော်အဖြစ်)စေလွှတ်တော်မူမည့် အရှင်မြတ်ပင်ဖြစ်တော်မူသည်။ |