×

ထို့ပြင် “(သူတို့အား လောကီဘဝ၌ အရှင်မြတ်ကို စွန့်၍ ကိုးကွယ်ရာအဖြစ် ယုံကြည်ကိုးကွယ်ခံကြ သော) သင်တို့၏ထိုတွဲဖက်ကိုးကွယ်ရာများကို ခေါ်ကြလော့။” ဟု အမိန့်ပေးတော်မူခြင်းကို 28:64 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:64) ayat 64 in Burmese

28:64 Surah Al-Qasas ayat 64 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 64 - القَصَص - Page - Juz 20

﴿وَقِيلَ ٱدۡعُواْ شُرَكَآءَكُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَرَأَوُاْ ٱلۡعَذَابَۚ لَوۡ أَنَّهُمۡ كَانُواْ يَهۡتَدُونَ ﴾
[القَصَص: 64]

ထို့ပြင် “(သူတို့အား လောကီဘဝ၌ အရှင်မြတ်ကို စွန့်၍ ကိုးကွယ်ရာအဖြစ် ယုံကြည်ကိုးကွယ်ခံကြ သော) သင်တို့၏ထိုတွဲဖက်ကိုးကွယ်ရာများကို ခေါ်ကြလော့။” ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရမည်ဖြစ်ရာ သူတို့သည် ယင်းတို့ကို ဟစ်ခေါ်ကြမည်ဖြစ်သော်လည်း ယင်းတို့က သူတို့အား ပြန်ထူး၍ တုံပြန်ဖြေကြားမည် မဟုတ်သည့်အပြင် ပြစ်ဒဏ်ကိုသာ (မျက်ဝါးထင်ထင်) တွေ့မြင်ကြပြီး “အကယ်၍ သူတို့ သည် (လောကီဘဝ၌) တရားလမ်းမှန်ကို လိုက်နာခဲ့မိလျှင် ကောင်းလေစွ။”ဟု ညည်းညူကြလိမ့်မည်။

❮ Previous Next ❯

ترجمة: وقيل ادعوا شركاءكم فدعوهم فلم يستجيبوا لهم ورأوا العذاب لو أنهم كانوا, باللغة البورمية

﴿وقيل ادعوا شركاءكم فدعوهم فلم يستجيبوا لهم ورأوا العذاب لو أنهم كانوا﴾ [القَصَص: 64]

Ba Sein
၆၄။ ထိုအခါသူတို့က ဟယ်-သူမိုက်တို့၊ နင်တို့သည် အရှင်မြတ်နှင့်တွဲဘက်ထားသောသင်တို့၏ဘုရားတုများ၌ ခဝပ်ဆုတောင်းကြလော့ဟု ဗျာဒိတ်တော်ပေးတော် မူလတ့ံ၊ သူတို့လည်း ဆုတောင်းကြလတ့ံ၊ သို့သော်ဘုရား ပျက်တို့က အဖြေမပေးချေ၊ ထိုသူတို့သည် ငရဲမီးကိုသာ မြင်ကြရလတ့ံ၊ သူတို့သည် လမ်းမှန်ကို ရခဲ့လျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
ထိုမှတစ်ပါး (၎င်းတို့မှာ) ‘အသင်တို့သည် မိမိတို့(ဆည်းကပ်ကိုးကွယ်ခဲ့ကြကုန်သော)တွဲဖက်များအား ခေါ်ယူကြလေကုန်’ ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် ထိုတွဲဖက်များအား ဟစ်ခေါ်ကြငြားလည်း ထိုတွဲဖက်များက ၎င်းတို့အား ပြန်၍ထူးကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်)တွေ့မြင်ကြပေမည်။ အကယ်၍သာ ၎င်းတို့သည်(လောကီဘဝ၌ အသက်ထင်ရှားရှိခဲ့ကြစဉ်အခါ၌) တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ခဲ့ကြပါလေသော်(ထိုပြစ်ဒဏ်ကို တွေ့မြင်ကြရမည် မဟုတ်ပေတကား)။
Hashim Tin Myint
ထို့ပြင် (ထိုကာဖိရ်များသည် ဤသို့)အမိန့်‌ပေး‌တော်မူခြင်း ခံကြရမည်- “အသင်တို့သည် အသင်တို့ (ကိုးကွယ်ခဲ့ကြသည့်)ယှဉ်တွဲကိုးကွယ်ရာ တွဲဖက်များကို ‌ခေါ်ကြ‌လော့“။ ထို့‌နောက် သူတို့သည် သူတို့၏တွဲဖက်များအား ဟစ်‌ခေါ်ကြ‌သော်လည်း ထိုတွဲဖက်များက သူတို့အား ပြန်‌ဖြေကြား‌တော့မည် မဟုတ်‌တော့‌ပေ။ ထို့ပြင် သူတို့သည် ပြစ်ဒဏ်ကို ‌တွေ့မြင်ကြမည်။ (ထိုအခါ သူတို့ ‌တောင့်တကြမည်) အကယ်၍ သူတို့သည် ‌လောကတွင် ရှိ‌နေခဲ့ကြစဉ်က လမ်းမှန်လိုက်ခဲ့ကြလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek