Quran with Burmese translation - Surah Al-Qasas ayat 76 - القَصَص - Page - Juz 20
﴿۞ إِنَّ قَٰرُونَ كَانَ مِن قَوۡمِ مُوسَىٰ فَبَغَىٰ عَلَيۡهِمۡۖ وَءَاتَيۡنَٰهُ مِنَ ٱلۡكُنُوزِ مَآ إِنَّ مَفَاتِحَهُۥ لَتَنُوٓأُ بِٱلۡعُصۡبَةِ أُوْلِي ٱلۡقُوَّةِ إِذۡ قَالَ لَهُۥ قَوۡمُهُۥ لَا تَفۡرَحۡۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡفَرِحِينَ ﴾
[القَصَص: 76]
﴿إن قارون كان من قوم موسى فبغى عليهم وآتيناه من الكنوز ما﴾ [القَصَص: 76]
Ba Sein ၇၆။ ကာရွန်ဆိုသူသည် တမန်တော်မူစာ၏ လူများထဲမှ ဖြစ်၏၊ သို့သော်သူသည် မိမိလူများကို နှိပ်စက်၏၊ ထို့ အပြင်ငါသည် သူ့အား အလွန်များပြားလှစွာသောဥစ္စာပစ္စည်းရွှေငွေကို ပေးသနားတော်မူလေ၏၊ ထိုဥစ္စာရတနာ တို့သည် များပြားလှသဖြင့် ၎င်းတို့ကို ခွန်အားဗလကြီးသောစစ်တပ်တစ်တပ်ပင်လျှင် ခဲယဉ်းစွာနှင့်သယ်ပိုး ထမ်းဆောင်ကြရ၏၊ ၎င်း၏အမျိုးသားတို့က သူ့အား အို-ကာရွန်၊ အထူးဝမ်းမြောက်ဝမ်းသာမရှိလင့်၊ မှတ်သား လော့၊ အလ္လာဟ်အရှင်မြတ်သည် ဥစ္စာဂုဏ်မောက်သူကို မြတ်နိုးတော်မမူချေ။ |
Ghazi Mohammad Hashim စင်စစ်ဧကန် ‘ကာရူန်’သည် မူစာ၏(သားချင်း)တို့အနက်မှပင် ဖြစ်ခဲ့၏။ သို့ရာတွင် ထို’ကာရူန်’သည် ထိုအမျိုးသားတို့အပေါ်၌ မာန်မာန ထောင်လွှားခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းအား အဘယ်မျှလောက် ရွှေငွေဘဏ္ဍာများကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်ဟူမူ၊ ယင်းရွှေငွေဘဏ္ဍာများ၏ သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းဖြစ်စေကြလေသည်။ တစ်ရံရောအခါဝယ် ထို ‘ကာရူန်’ ၏(သားချင်း)တို့က ၎င်း အား (ဤသို့)ပြောဆို(ဆုံးမခဲ့)ကြကုန်၏။ ‘အသင်သည် ဂုဏ်မမောက်လေနှင့်၊’ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်သောသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။ |
Hashim Tin Myint အမှန်စင်စစ် ကာရူန်သည် (တမန်တော်)မူစာ၏ (ဆွေမျိုးသားချင်းများ)ထဲမှပင် ဖြစ်ခဲ့သည်။ ထို့ပြင် ထိုကာရူန်သည် ထိုအမျိုးသားများအပေါ်တွင် မာနထောင်ခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် သူ့အား အဘယ်မျှ ရွှေငွေဘဏ္ဍာများကို ပေးသနားထားသနည်းဆိုလျှင်၊ ထိုရွှေငွေဘဏ္ဍာများ(ကို သိုလှောင်ထားသော ဘဏ်တိုက်များ)၏သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် အမှန်ပင် မနိုင့်တနိုင်ဖြစ်စေသည်။ တစ်ခါက သူ၏အမျိုးသားများက သူ့ကို ပြောဆိုကြသည်- “အသင်သည် ဂုဏ်မမောက်နှင့်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်သည့်သူများကို နှစ်သက်တော်မမူပေ။“ |