Quran with Burmese translation - Surah Al-‘Ankabut ayat 13 - العَنكبُوت - Page - Juz 20
﴿وَلَيَحۡمِلُنَّ أَثۡقَالَهُمۡ وَأَثۡقَالٗا مَّعَ أَثۡقَالِهِمۡۖ وَلَيُسۡـَٔلُنَّ يَوۡمَ ٱلۡقِيَٰمَةِ عَمَّا كَانُواْ يَفۡتَرُونَ ﴾
[العَنكبُوت: 13]
﴿وليحملن أثقالهم وأثقالا مع أثقالهم وليسألن يوم القيامة عما كانوا يفترون﴾ [العَنكبُوت: 13]
Ba Sein ၁၃။ သို့သော်ထိုသူတို့သည် မိမိတို့၏ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ကြရမည်၊ မိမိတို့ဝန်ထုပ်အပြင် အခြားအထုပ် အပိုးများကိုလည်း မုချဧကန်ထမ်းဆောင်ကြရမည်၊ ထို့အပြင်ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့သည် ၎င်းတို့ဖန်တီးသောအမှုများနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်တော်မူခြင်းကို အမှန်အကန်ခံကြရလိမ့်မည်။ |
Ghazi Mohammad Hashim သို့ရာတွင် မုချစင်စစ် ၎င်းတို့သည် မိမိတို့၏ဝန်များကို လည်းကောင်း၊ မိမိတို့၏ဝန်များနှင့်အတူ အခြားသောဝန်များကို လည်းကောင်း၊ ထမ်းဆောင်ကြပေမည်။ ထိုမှတစ်ပါး မချွတ်ဧကန် ၎င်းတို့သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် မိမိတို့ လီဆယ်ဖန်တီးခဲ့ကြကုန်သော အရာများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရကုန်အံ့သတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် သူတို့သည် သူတို့၏(အကုသိုလ်)ဝန်ထုပ်များအပြင် သူတို့၏(အကုသိုလ်)ဝန်ထုပ်များနှင့်အတူ အခြား(အကုသိုလ်)ဝန်ထုပ်များကိုလည်း* ထမ်းပိုးကြရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် သူတို့ လုပ်ကြံဖန်တီးထားသည့်အရာများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရဦးမည်ဖြစ်သည်။ |