Quran with Burmese translation - Surah Al-‘Ankabut ayat 12 - العَنكبُوت - Page - Juz 20
﴿وَقَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُواْ ٱتَّبِعُواْ سَبِيلَنَا وَلۡنَحۡمِلۡ خَطَٰيَٰكُمۡ وَمَا هُم بِحَٰمِلِينَ مِنۡ خَطَٰيَٰهُم مِّن شَيۡءٍۖ إِنَّهُمۡ لَكَٰذِبُونَ ﴾
[العَنكبُوت: 12]
﴿وقال الذين كفروا للذين آمنوا اتبعوا سبيلنا ولنحمل خطاياكم وما هم بحاملين﴾ [العَنكبُوت: 12]
Ba Sein ၁၂။ မိစ္ဆာဒိဋ္ဌိတို့က ယုံကြည်သူတို့အား ဟယ်-အချင်းတို့၊ ငါတို့အယူဝါဒကို လိုက်နာကျင့်ကြံလော့၊ ငါတို့သည် သင်တို့အစား သင်တို့၏အပြစ်ကို မုချဧကန်ခံကြမည်ဟု ဆိုကြ၏၊ သူတို့သည် သူတို့၏အပြစ်အနည်းငယ်မျှ မခံနိုင်ကြချေ၊ မှတ်သားကြလော့၊ သူတို့သည် မုသားကောင်များဖြစ်ကြ၏။ |
Ghazi Mohammad Hashim စင်စစ် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့က’မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့အား ‘အသင်တို့သည် ကျွန်ုပ်တို့၏ လမ်းစဉ်လိုက်နာကြလေကုန်၊ ကျွန်ုပ်တို့သည် အသင်တို့၏ ပြစ်မှုများကို ထမ်းရွက်ကြမည်’ ဟု ဆိုကြကုန်၏။စင်စစ်သော်ကား ၎င်းတို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ ပြစ်မှုများအနက်မှ အနည်းငယ်(သောပြစ်မှု) ကိုမျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ စင်စစ်ဧကန် ၎င်းတို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ကာဖိရ်များက အီမာန်ယုံကြည်သူများအား “အသင်တို့သည် ကျွန်ုပ်တို့၏လမ်းစဉ်ကို လိုက်နာကြပါ၊ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၏အပြစ်များကို ထမ်းရွက်ကြမည်“*ဟု ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် ထိုယုံကြည်သူများ၏ အပြစ်များထဲမှ အနည်းငယ်မျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ အမှန်စင်စစ် သူတို့သည် လိမ်ပြောသူများပင်ဖြစ်ကြသည်။ |