Quran with Burmese translation - Surah Al-‘Ankabut ayat 14 - العَنكبُوت - Page - Juz 20
﴿وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَلَبِثَ فِيهِمۡ أَلۡفَ سَنَةٍ إِلَّا خَمۡسِينَ عَامٗا فَأَخَذَهُمُ ٱلطُّوفَانُ وَهُمۡ ظَٰلِمُونَ ﴾
[العَنكبُوت: 14]
﴿ولقد أرسلنا نوحا إلى قومه فلبث فيهم ألف سنة إلا خمسين عاما﴾ [العَنكبُوت: 14]
Ba Sein ၁၄။ ငါသည် တမန်တော်နူဟိုအား သူ၏အမျိုးသားတို့ထံ ငါ၏ တမန်တော်အဖြစ်ဖြင့် မုချစေလွှတ်တော်မူ၏၊ သူ သည် ထိုသူများနှင့်အတူတကွ နှစ်ပေါင်းတစ်ထောင်တွင် ငါးဆယ်လျော့တိုင်အောင်နေ၏၊ ထို့နောက်သူတို့သည် အကုသိုလ်မကောင်းမှုကျူးလွန်သူများဖြစ်သောကြောင့် သူတို့ကို ရေမျို၏။ |
Ghazi Mohammad Hashim ထို့ပြင် မလွဲဧကန် ငါအရှင်မြတ်သည် ‘နူဟ်’အား ၎င်း၏အမျိုးသားတို့ထံ(ရစူလ်တမန်တော်အဖြစ်)စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၎င်းတို့တွင် နှစ်ပေါင်းကိုးရာငါးဆယ်တိုင်တိုင် နေထိုင်ခဲ့လေ၏။ ထို့နောက် ရေလွှမ်းမိုးခြင်း(ပြစ်ဒဏ်)သည် ၎င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ အမှန်သော်ကား ထိုအမျိုးသားတို့မှာ မတရားသောသူများပင် ဖြစ်ခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံသို့ စေလွှတ်တော်မူခဲ့သည့်အတွက် ၎င်းသည် သူတို့ထဲတွင် နှစ်ပေါင်းကိုးရာ့ငါးဆယ်နေထိုင်ခဲ့သည်။ ထို့နောက် ရေလွှမ်းမိုးမှု(ပြစ်ဒဏ်)သည် ထိုအမျိုးသားများအား သူတို့သည် မတရားကျူးလွန်သူများ ဖြစ်ကြလျက်ရှိစဉ် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ |