Quran with Burmese translation - Surah Al-‘Ankabut ayat 16 - العَنكبُوت - Page - Juz 20
﴿وَإِبۡرَٰهِيمَ إِذۡ قَالَ لِقَوۡمِهِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُۖ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ﴾
[العَنكبُوت: 16]
﴿وإبراهيم إذ قال لقومه اعبدوا الله واتقوه ذلكم خير لكم إن كنتم﴾ [العَنكبُوت: 16]
Ba Sein ၁၆။ ထို့အပြင်တမန်တော်အေဗရာဟမ်၊ မှတ်သားကြလော့၊ သူသည် မိမိအမျိုးသားတို့အား ဤသို့ဟောကြား၏၊ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ အရှင်မြတ်၏ အမှုတော်ကို ကျေကုန်အောင် ထမ်းဆောင်ကြလော့၊ ဤအကျင့်အကြံသည် သင်တို့အဖို့ သာလွန်မွန်မြတ်၏၊ သင်တို့သိလျှင် တော်လေစွ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အိဗ်ရာဟီမ်အား(လည်းငါအရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။)အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ အမျိုးသားတို့အား(ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အား ခန့်ညားကြောက်ရွံ့ကြလေကုန်။ အကယ်၍ အသင်တို့သည် သိရှိကြလေသော် ဤသည် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။ |
Hashim Tin Myint ထို့ပြင် (တမန်တော်)အိဗ်ရာဟီမ်ကို(လည်း စေလွှတ်တော်မူခဲ့သည်)။ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို (ဤသို့)ပြောဆိုခဲ့သည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အကယ်၍ အသင်တို့သည် သိရှိနားလည်ကြမည်ဆိုလျှင် ဤ(အီမာန်ယုံကြည်ခြင်း)သည် အသင်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။ |