Quran with Burmese translation - Surah Al-‘Ankabut ayat 17 - العَنكبُوت - Page - Juz 20
﴿إِنَّمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ أَوۡثَٰنٗا وَتَخۡلُقُونَ إِفۡكًاۚ إِنَّ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ لَا يَمۡلِكُونَ لَكُمۡ رِزۡقٗا فَٱبۡتَغُواْ عِندَ ٱللَّهِ ٱلرِّزۡقَ وَٱعۡبُدُوهُ وَٱشۡكُرُواْ لَهُۥٓۖ إِلَيۡهِ تُرۡجَعُونَ ﴾
[العَنكبُوت: 17]
﴿إنما تعبدون من دون الله أوثانا وتخلقون إفكا إن الذين تعبدون من﴾ [العَنكبُوت: 17]
Ba Sein ၁၇။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အစား ရုပ်ပွားဆင်းတုများကိုသာ ရှိခိုးပူဇော်ကြ၏၊ သင်တို့သည် မိစ္ဆာဝါဒကိုသာ ဖန်တီးကြ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်အစား သင်တို့ကိုးကွယ်သောဘုရားတုများသည် သင်တို့ အတွက် ရိက္ခာဥစ္စာမပိုင်ချေ၊ ထို့ကြောင့်သင်တို့သည် မိမိတို့ရိက္ခာပစ္စည်းကို အလ္လာဟ်အရှင်မြတ်အထံတော် မှာသာ ရှာမီးကြလော့၊ အရှင်မြတ်အား ကိုးကွယ်ကြလော့၊ အရှင်မြတ်အား ကျေးဇူးတင်ကြလော့၊ အကြောင်း မူကား သင်တို့ကို အရှင့်အထံတော်သို့ ပြန်ပို့မည်သာတည်း။ |
Ghazi Mohammad Hashim အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ ရုပ်တုများကိုသာလျှင် ဆည်းကပ်ကိုးကွယ်ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် မုသား(အယူဝါဒ)ကို လီဆယ်ဖန်တီးကြကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့သည် ဆည်းကပ်ကိုးကွယ်လျက် ရှိကြသည်တို့မှာ အသင်တို့၏ စားနပ်ရိက္ခာကို လုံးဝပိုင်ဆိုင်ကြသည် မဟုတ်ပေ။သို့ဖြစ်ပေရာ အသင်တို့သည် (မိမိတု့ိအဖို့) စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်အထံတော်၌ ရှာဖွေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်ကို သိတတ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့အားလုံးတို့သည် ထိုအရှင်မြတ်အထံတော် သို့သာလျှင် ပြန်သွားကြရပေမည်။ |
Hashim Tin Myint အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အံတုပြီး ရုပ်တုများကို ကိုးကွယ်ကြသည်။ ထို့ပြင် အသင်တို့သည် မုသားကို လုပ်ကြံဖန်တီးကြသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား အံတုပြီး အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် အသင်တို့၏စားနပ်ရိက္ခာကို လုံးဝ ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ သို့ဖြစ်ရာ အသင်တို့သည် စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှာဖွေ(တောင်းခံ)ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ကျေးဇူးတော်ကို သိတတ်ကြပါ။ အသင်တို့အားလုံးသည် အရှင်မြတ်ထံတော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ |