Quran with Burmese translation - Surah Al-‘Ankabut ayat 25 - العَنكبُوت - Page - Juz 20
﴿وَقَالَ إِنَّمَا ٱتَّخَذۡتُم مِّن دُونِ ٱللَّهِ أَوۡثَٰنٗا مَّوَدَّةَ بَيۡنِكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُ بَعۡضُكُم بِبَعۡضٖ وَيَلۡعَنُ بَعۡضُكُم بَعۡضٗا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّٰصِرِينَ ﴾
[العَنكبُوت: 25]
﴿وقال إنما اتخذتم من دون الله أوثانا مودة بينكم في الحياة الدنيا﴾ [العَنكبُوت: 25]
Ba Sein ၂၅။ တမန်တော်က ဟယ်-အချင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အစား ဆင်းတုများကို ခဝပ်ကိုးကွယ်ကြ၏၊ သင်တို့အချင်းချင်းသည် ဤဘဝအတွက်သာဖြစ်၏၊ ထို့နောက်ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သင်တို့ သည် အချင်းချင်တစ်ဦးကို တစ်ဦးက ငြင်းပယ်ကျိန်ဆဲကြလတ့ံ၊ ထို့အပြင်သင်တို့၏ဗိမာန်သည်ကား အဝီစိ ငရဲမီးဖြစ်၏၊ သင်တို့၌ ကယ်ဆယ်စောင်မသူများရှိမည်မဟုတ်ချေဟု ပြောကြား၏။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုအီဗ်ရာဟီမ်က(မိမိ၏အမျိုးသားတို့အား)ပြောကြားခဲ့သေး၏။ အသင်တို့သည် ဤမျက်မှောက်လောကီဘဝ၌ မိမိတို့အချင်းချင်း မေတ္တာ ရှိကြသောကြောင့်သာလျှင် အလ္လာဟ်အရှင်မြတ်အား စွန့်၍ရုပ်တုများကို ရွေးချယ်ပြုလုပ်ကြခြင်း ဖြစ်ပေသည်။ ထို့နောက် ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့ တွင်မူကား၊ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ အချင်းချင်း အချို့ကအချို့ကို ကျိန်ဆဲကြပေမည်။ ၎င်းပြင် ငရဲသည် အသင်တို့၏ ခိုလှုံရာဌာန ဖြစ်မည်။ထိုမှတစ်ပါး အသင်တို့အဖို့ ကူညီစောင်မအံ့သော သူများဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေတကား။ |
Hashim Tin Myint ထို့ပြင် ၎င်း(တမန်တော်အိဗ်ရာဟီမ်)က ပြောကြားခဲ့သည်။ အသင်တို့သည် ဤဘဝတွင် အသင်တို့အချင်းချင်း ချစ်ခင်ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်ကိုစွန့်ပြီး ရုပ်တုများအား ရွေးချယ်ပြုလုပ်ကြခြင်းဖြစ်သည်။ ထို့နောက် ကိယာမသ်နေ့တွင်မူ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ ထို့ပြင် အချင်းချင်း အချို့က အချို့ကို ကျိန်ဆဲကြမည်။ ထို့ပြင် ငရဲသည် အသင်တို့၏ခိုလှုံရာနေရာဌာနဖြစ်မည်။ ထို့ပြင် အသင်တို့အတွက် ကူညီမည့်သူလည်း မည်သူမျှ ရှိမည်မဟုတ်ပေ။ |