Quran with Burmese translation - Surah Al-‘Ankabut ayat 24 - العَنكبُوت - Page - Juz 20
﴿فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱقۡتُلُوهُ أَوۡ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ ﴾
[العَنكبُوت: 24]
﴿فما كان جواب قومه إلا أن قالوا اقتلوه أو حرقوه فأنجاه الله﴾ [العَنكبُوت: 24]
Ba Sein ၂၄။ သို့သော်တမန်တော်၏ အမျိုးသားများက သူ့ုကို သတ်ပစ်ကြလော့(သို့မဟုတ်) မီးရှို့ပစ်ကြလော့ဟုသာ ပြန်ပြော ကြ၏၊ ထိုအခါအလ္လာဟ်အရှင်မြတ်သည် သူ့အား မီးမသန်းစေပဲ ကယ်နှုတ်တော်မူ၏၊ မှတ်သားကြလော့၊ ဤအကြောင်းအရာများတွင် ယုံကြည်သူတို့အဖို့ နိမိတ်လက္ခဏာအ့ံဖွယ်များအမှန်ပင်ပါရှိ၏။ |
Ghazi Mohammad Hashim ထိုအခါ ထိုအိဗ်ရာဟီမ်၏အမျိုးသားတို့မှာ’အသင်တို့သည် ထိုအိဗ်ရာဟီမ်အား သတ်ပစ်ကြလေကုန်၊ သို့တည်းမဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြလေကုန်’ဟု ပြောဆိုကြခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှ အဖြေပေးနိုင်ခြင်းမရှိခဲ့ကြချေ။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား မီးမှ ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်အမှန် ဤသည့်(ဖြစ်ရပ်)၌ သက်ဝင်ယုံကြည်ကုန်သော အမျိုးသားတို့အဖို့ သက်သေသာဓကများရှိပေသည်။ |
Hashim Tin Myint ထို့နောက် ၎င်း(တမန်တော်အိဗ်ရာဟီမ်)၏အမျိုးသားများတွင် “အသင်တို့သည် ၎င်းအား သတ်ပစ်ကြပါ၊ သို့မဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြပါ“ဟု (လှုံ့ဆော်)ပြောဆို ဖြေကြားသည်မှလွဲ၍ အခြား မည်သည့်အရာမျှ အဖြေမပေးနိုင်ခဲ့ကြပေ။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအား မီးဘေးမှ ကယ်တင်တော်မူခဲ့သည်။* အမှန်စင်စစ် ထို(ဖြစ်ရပ်)အထဲတွင် ယုံကြည်သည့်အမျိုးသားများအတွက် သက်သေသာဓကများရှိသည်။ |