Quran with Burmese translation - Surah Al-‘Ankabut ayat 30 - العَنكبُوت - Page - Juz 20
﴿قَالَ رَبِّ ٱنصُرۡنِي عَلَى ٱلۡقَوۡمِ ٱلۡمُفۡسِدِينَ ﴾
[العَنكبُوت: 30]
﴿قال رب انصرني على القوم المفسدين﴾ [العَنكبُوت: 30]
Ba Sein ၃ဝ။ ထိုအခါတမန်တော်လွဒ်က အို-အကျွနု်ပ်၏ အရှင်သခင်၊ မတရားညစ်ညမ်းမှုကို ပွားများနေသူတို့ကို အကျွနု်ပ် အား အောင်စေတော်မူပါဟု ဆုတောင်းပဌနာပြု၏။ |
Ghazi Mohammad Hashim ထိုရောအခါဝယ် ထို ‘လူ(တ်)’ က ‘အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သော အမျိုးသားတို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။ |
Hashim Tin Myint ၎င်းက “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ဖျက်ဆီးမှုပြုသည့်အမျိုးသားများအပေါ်တွင် အောင်နိုင်မှုကို ပေးသနားတော်မူပါ“ဟု ပြောဆို လျှောက်ထားပန်ကြားခဲ့သည်။ |