Quran with Burmese translation - Surah Al-‘Ankabut ayat 31 - العَنكبُوت - Page - Juz 20
﴿وَلَمَّا جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُوٓاْ إِنَّا مُهۡلِكُوٓاْ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِۖ إِنَّ أَهۡلَهَا كَانُواْ ظَٰلِمِينَ ﴾
[العَنكبُوت: 31]
﴿ولما جاءت رسلنا إبراهيم بالبشرى قالوا إنا مهلكو أهل هذه القرية إن﴾ [العَنكبُوت: 31]
Ba Sein ၃၁။ ထို့အပြင်ငါ၏ ကောင်းကင်တမန်တော်တို့သည် တမန်တော်အေဗရာဟမ်ထံသို့ သတင်းကောင်းကို ယူဆောင် လာ၍ အို-တမန်တော်သခင်၊ အကျွနု်ပ်တို့သည် ထိုမြို့ရွာနယ်ပယ်ကို မုချဖျက်ဆီးတော့မည်၊ အကြောင်းမူကား ထိုဒေသတွင် မှီတင်းနေထိုင်သူတို့သည် မတရားမှုကျူးလွန်သူများဖြစ်ကြ၏ဟု ဆိုကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်၏ စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို အိဗ်ရာဟီမ်၏ထံသို့ ဆောင်ကြဉ်းခဲ့ကြလေသောအခါ၊ ၎င်းတို့က ‘ဧကန် မလွဲ ကျွန်ုပ်တို့သည် ဤမြို့ရွာသားတို့အား ဖျက်ဆီးမည့်သူများပင် ဖြစ်ကြပေသည်။ဧကန်စင်စစ် ယင်းမြို့ရွာ၌ နေထိုင်သောသူတို့မှာ အလွန်တရာပြစ်မှု ကျူးလွန်သူများပင် ဖြစ်ကြကုန်သည်’ ဟု ပြောဆိုခဲ့ကြလေ၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို (တမန်တော်)အိဗ်ရာဟီမ်ထံသို့ ယူဆောင်လာကြသည့်အခါ၊ သူတို့က “အမှန်ပင် ကျွန်ုပ်တို့သည် ဤမြို့ရွာသားများအား ဖျက်ဆီးပစ်မည့်သူများဖြစ်သည်။ အမှန်စင်စစ် ထိုမြို့ရွာ၌ နေထိုင်သူများသည် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည်“ဟု ပြောဆိုခဲ့ကြသည်။ |