×

(အရှင်မြတ်က မဖွယ်မရာမှုကို ရပ်တန့်ရန် ပြင်းပြင်းထန်ထန် သတိပေးပါလျက်) သင်တို့သည် လမ်းမများကို ဖြတ်တောက်၍ အမျိုးသားခရီးသည်များကိုလည်းကောင်း၊ မကောင်းမှုဘက်သို့ဖိတ်ခေါ်သည့် စုရုံးမှုများ၌လည်းကောင်း၊ အမျိုးသားများထံသာ 29:29 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:29) ayat 29 in Burmese

29:29 Surah Al-‘Ankabut ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 29 - العَنكبُوت - Page - Juz 20

﴿أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ وَتَقۡطَعُونَ ٱلسَّبِيلَ وَتَأۡتُونَ فِي نَادِيكُمُ ٱلۡمُنكَرَۖ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱئۡتِنَا بِعَذَابِ ٱللَّهِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ﴾
[العَنكبُوت: 29]

(အရှင်မြတ်က မဖွယ်မရာမှုကို ရပ်တန့်ရန် ပြင်းပြင်းထန်ထန် သတိပေးပါလျက်) သင်တို့သည် လမ်းမများကို ဖြတ်တောက်၍ အမျိုးသားခရီးသည်များကိုလည်းကောင်း၊ မကောင်းမှုဘက်သို့ဖိတ်ခေါ်သည့် စုရုံးမှုများ၌လည်းကောင်း၊ အမျိုးသားများထံသာ (တဏှာရာဂတပ်မက်လျက် ဆက်လက်၍) ချဉ်းကပ်ကျူးလွန် ကြလေသလော။ တမန်တော်လူးသ်၏သတိပေးဆုံးမမှုနှင့်စပ်လျဉ်း၍) သူ့လူမျိုး၏တုံ့ပြန် ဖြေကြားမှုမှာ “အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီတစ်ဦးဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံ ယူဆောင်ရောက်စေလော့။” ဟူ၍သာ ဖြစ်ခဲ့၏။

❮ Previous Next ❯

ترجمة: أئنكم لتأتون الرجال وتقطعون السبيل وتأتون في ناديكم المنكر فما كان جواب, باللغة البورمية

﴿أئنكم لتأتون الرجال وتقطعون السبيل وتأتون في ناديكم المنكر فما كان جواب﴾ [العَنكبُوت: 29]

Ba Sein
၂၉။ အကြောင်းမူကားသင်တို့သည် ယောက်ျားအချင်းချင်းမေထုံအမှုကို ပြုကြသည်မဟုတ်လော၊ သင်တို့သည် ခရီးသွားရာလမ်းကို ဖျက်ဆီးသည်မဟုတ်လော၊ သင်တို့သည် မိမိတို့အစည်းအဝေးများ၌ လွန်စွာညစ်ညမ်း ကြသည်မဟုတ်လောဟု ပြော၏၊ သို့သော်သူ၏အမျိုးသားတို့က ဤသို့သာတုံ့ပြန်ပြောဆိုကြ၏၊ သင်အမှန် ဆိုသူဖြစ်ပါလျှင် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို အကျွနု်ပ်တို့ထံ ယူဆောင်ခဲ့လော့။
Ghazi Mohammad Hashim
အသင်တို့သည် ယောက်ျားများထံသို့(ကာမဂုဏ်ခံစားရန်) လာကြလေသလော။ ၎င်းပြင် အသင်တို့သည် လမ်းကို ဖြတ်တောက်ကြလေသလော။ (တစ်နည်း) အသင်တို့သည်လမ်း(တွင်) လုယက်တိုက်ခိုက်ကြလေသလော။ ထိုမှတစ်ပါးအသင်တို့သည် မိမိတို့၏စုဝေးရာ၌ စက်ဆုပ်ရွံရှာဖွယ် ကိစ္စများကို ကျူးလွန်ကြလေသလော။ ထိုအခါ လူ(တ်)၏အမျိုးသားတို့က ‘[အို-လူ(တ်)]၊ အကယ်၍ အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ခဲ့ပါမူ ကျွန်ုပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ဆောင်ယူခဲ့လော့’ဟု ပြောဆိုခဲ့ကြခြင်းမှတစ်ပါး အခြားမည်သည့်အဖြေမျှပင် ပေးနိုင်ခဲ့ကြသည်မရှိချေ။
Hashim Tin Myint
အမှန်စင်စစ် အသင်တို့သည် ‌ယောက်ျားများထံသို့ (ကာမဂုဏ်ခံစားရန်)လာကြသ‌လော။* ထို့ပြင် အသင်တို့သည် လမ်းတွင် လုယက်တိုက်ခိုက်ကြသ‌လော။ ထို့ပြင် အသင်တို့သည် အသင်တို့ အသိုင်းအဝိုင်းတွင် စက်ဆုပ်ရွံရှာဖွယ်ကိစ္စများကို ကျူးလွန်ကြသ‌လော(ဟု ‌မေးမြန်း‌ပြောဆိုသည်)။* ထို့‌နောက် ၎င်း၏အမျိုးသားများက “အကယ်၍ အသင်သည် မှန်ကန်သည့်သူတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်ကို ယူ‌ဆောင်လာခဲ့ပါ“ဟု ‌ပြောဆိုသည်မှလွဲ၍ အခြား အ‌ဖြေမရှိခဲ့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek