Quran with Burmese translation - Surah Al-‘Ankabut ayat 46 - العَنكبُوت - Page - Juz 21
﴿۞ وَلَا تُجَٰدِلُوٓاْ أَهۡلَ ٱلۡكِتَٰبِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ إِلَّا ٱلَّذِينَ ظَلَمُواْ مِنۡهُمۡۖ وَقُولُوٓاْ ءَامَنَّا بِٱلَّذِيٓ أُنزِلَ إِلَيۡنَا وَأُنزِلَ إِلَيۡكُمۡ وَإِلَٰهُنَا وَإِلَٰهُكُمۡ وَٰحِدٞ وَنَحۡنُ لَهُۥ مُسۡلِمُونَ ﴾
[العَنكبُوت: 46]
﴿ولا تجادلوا أهل الكتاب إلا بالتي هي أحسن إلا الذين ظلموا منهم﴾ [العَنكبُوت: 46]
Ba Sein ၄၆။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ရှေးကျမ်းတော်ကြီးများကို ယုံကြည်သူတို့နှင့် တရားစကားအငြင်းအခုံ မပြုကြလင့်၊ သို့သော်သူတို့အနက် မတရားမှုကို ပြုကျင့်သူတို့အား တရားရရှိစေရန် ဆွေးနွေးဟောပြောကြလော့၊ ထို့အပြင်သင်တို့က ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် သင်တို့နှင့် မိမိတို့ထံချပေးသနားတော်မူသောကျမ်းတော် အသီးသီးကို ယုံကြည်ကြ၏၊ အကျွနု်ပ်တို့၏ အရှင်သခင်နှင့် သင်တို့၏ အရှင်သခင်သည် တစ်ဆူတည်းဖြစ်တော် မူ၏၊ အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံနာခံကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသောသူတို့နှင့် ကောင်းမွန်(ယဉ်ကျေးသိမ်မွေ့)လှသော နည်းဖြင့်သာလျှင် အချေအတင် ပြောဆိုကြလေကုန်။ သို့ရာတွင် ၎င်းတို့အနက် တရားလွန်ပြုမူသောသူတို့နှင့်မူကား ပြတ်သားစွာ အချေအတင် ပြောဆိုနိုင်ခွင့်ရှိ၏။ သို့တစေလည်း အသင့်မြတ်ဆုံးမှာ သိမ်မွေ့သောနည်းပင်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည် (ဤသို့) ပြောကြားကြလေကုန်၊ "ကျွန်ုပ်တို့သည် မိမိတို့ထံ ကျရောက်ခဲ့သော (ကျမ်းမြတ်)ကိုလည်းကောင်း၊အသင်တို့ထံ ကျရောက်ခဲ့ကြသော (ကျမ်းဂန်)တို့ကိုလည်းကောင်း၊ ယုံကြည်ကြကုန်၏။ စင်စစ်သော်ကား ကျွန်ုပ်တို့၏ဆည်းကပ် ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ ၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာလျှင် လိုက်နာသူများ ဖြစ်ကြပေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသည့်သူများကို (သောင်ဟီဒ်နှင့် ရိစာလသ်နှင့်ပတ်သက်သော ကွဲလွဲမှုကိစ္စများတွင်) ကောင်းမွန်(သိမ်မွေ့)သည့်နည်းဖြင့်သာ အပြန်အလှန် ပြောဆိုကြပါ။ သို့ရာတွင် သူတို့ထဲမှ မတရားသူများကိုမူ (ပြတ်သားစွာ ပြောဆိုနိုင်သည်)။ ထို့ပြင် အသင်တို့သည် (ဤသို့)ပြောဆိုကြပါ- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ ကျရောက်ခဲ့သောကျမ်းနှင့် အသင်တို့ထံသို့ ကျရောက်ခဲ့သည့်ကျမ်းများကို ယုံကြည်ကြသည်။ ထို့ပြင် ကျွန်ုပ်တို့၏ကိုးကွယ်ထိုက်သည့်အရှင်နှင့် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင်သည် တစ်ပါးတည်းပင်ဖြစ်တော်မူသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုသာ လိုက်နာသူများဖြစ်ကြသည်။ |