Quran with Burmese translation - Surah Al-‘Ankabut ayat 45 - العَنكبُوت - Page - Juz 21
﴿ٱتۡلُ مَآ أُوحِيَ إِلَيۡكَ مِنَ ٱلۡكِتَٰبِ وَأَقِمِ ٱلصَّلَوٰةَۖ إِنَّ ٱلصَّلَوٰةَ تَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِۗ وَلَذِكۡرُ ٱللَّهِ أَكۡبَرُۗ وَٱللَّهُ يَعۡلَمُ مَا تَصۡنَعُونَ ﴾
[العَنكبُوت: 45]
﴿اتل ما أوحي إليك من الكتاب وأقم الصلاة إن الصلاة تنهى عن﴾ [العَنكبُوت: 45]
Ba Sein ၄၅။ တမန်တော်၊ သင်၏နှလုံးအိမ်တွင် ထင်ရှားစေခြင်းဖြင့် ချပေးသနားတော်မူသောကျမ်းမြတ်ကုရ်အာန်ကို ဖတ်ရွတ် လော့၊ အရှင့်ဆွလဝသ်၌ တည်တ့ံခိုင်မြဲလော့၊ မှတ်သားလော့၊ ဆွလဝသ်ပြုခြင်းသည် မတရားဆိုးသွမ်းမှုနှင့် ကာမယုတ်ည့ံမှုတို့မှ လူသားကို ကာကွယ်ထား၏၊ သို့သော်အလ္လာဟ်အရှင်မြတ်ကို အာရုံပြုခြင်းသည် သာလွန် အရေးကြီး၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုသမျှကို သိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်ခြင်းခံရလေသော ကျမ်းတော်မြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ။ ၎င်းအပြင် သင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကိုဆောက်တည်ပါလေ။ ဧကန်မလွဲ ဆွလာတ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာသော အမှုကိစ္စများမှလည်းကောင်း၊ မဖွယ်မရာသော အလွန့်အမှုကိစ္စ များမှလည်းကောင်း၊ ပိတ်ပင်တားဆီးလေ၏။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသခြင်းသည် အကြီးကျယ်ဆုံး၊ (အမြင့်မြတ်ဆုံး)ပင်ဖြစ်ပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာသိရှိတော်မူပေသတည်း။ |
Hashim Tin Myint အသင်(တမန်တော်)သည် အသင်၏ထံသို့ ပို့ချခြင်းခံရသော ကျမ်းတော်မြတ်(ကုရ်အာန်)ကိုရွတ်ဖတ်ပါ။* ထို့ပြင် အသင်သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ပါ။ အမှန်စင်စစ် စွလာသ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာ အမှုကိစ္စများနှင့် မဖွယ်မရာ ညစ်ညမ်းသောကိစ္စများမှ ကာကွယ်မှုပြုပေးသည်။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းသည် အကြီးကျယ်ဆုံး(အမြင့်မြတ်ဆုံး)ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှအား သိရှိတော်မူသည်။ |