Quran with Burmese translation - Surah Al-‘Ankabut ayat 65 - العَنكبُوت - Page - Juz 21
﴿فَإِذَا رَكِبُواْ فِي ٱلۡفُلۡكِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ إِذَا هُمۡ يُشۡرِكُونَ ﴾
[العَنكبُوت: 65]
﴿فإذا ركبوا في الفلك دعوا الله مخلصين له الدين فلما نجاهم إلى﴾ [العَنكبُوت: 65]
Ba Sein ၆၅။ သူတို့သည် သင်္ဘောစီးနင်းခရီးသွားသောအခါ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို ယုံကြည် ကြ၏၊ အရှင်မြတ်ထံ ဆုတောင်းကြ၏၊ သို့သော်အရှင်မြတ်သည် သူတို့အား ပင်လယ်ဆိပ်ကမ်းသို့ ယူဆောင် လာတော်မူသောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ဘက်စပ်သူများပေးကြ၏။ |
Ghazi Mohammad Hashim စင်စစ် ၎င်းတို့သည် သင်္ဘော၌ စီးနင်းကြလေသောအခါ အလ္လာဟ်အရှင်မြတ်အားသာလျှင် စေတနာ သဒ္ဓါဖြူစင်စွာနှင့် ဟစ်ခေါ်တသ ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား ကယ်တင်၍ ကုန်းမြေသို့ ဆောင်ကြဉ်းတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို ထိုအရှင်မြတ်နှင့်) တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် သူတို့သည် သဘေင်္ာပေါ်စီးနင်းလိုက်ပါကြသည့်အခါ အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်စေတနာဖြူစင်စွာဖြင့် ဟစ်ခေါ်တသကြသည်။ ထို့နောက် အရှင်မြတ်သည် သူတို့အား ကယ်တင်ပြီး ကုန်းပေါ်ပို့လိုက်သည့်အခါ သူတို့သည် ချက်ချင်းပင် အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ကြတော့သည်။ |